
0
397




>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းနဲ့ မြန်မာ ယူ-၁၆ အသင်း ဒုတိယ ခြေစမ်းပွဲ သရေကျ

၂ဝ၁၈ အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် အကြိုပြင်ဆင်တဲ့ အနေနဲ့ ထိုင်းနိုင်ငံမှာ သွားရောက် လေ့ကျင့်နေတဲ့ မြန်မာ ယူ-၁၆ အသင်းဟာ ဒုတိယ ခြေစမ်းပွဲအဖြစ် ထိုင်း ယူ-၁၆ အသင်းနဲ့ မနေ့က ဇူလိုင် ၂၃ မှာ ကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

မြန်မာ ယူ-၁၆ အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို ၂၄ မိနစ်မှာ နောင်နောင်လတ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ယူ-၁၆ အသင်းဟာ ထိုင်းခြေစမ်းပွဲ ခရီးစဉ်အတွင်း ခြေစမ်းပွဲ နှစ်ပွဲ ကစားခဲ့ရာမှာ တစ်ပွဲနိုင်၊ တစ်ပွဲ သရေကျခဲ့ပါတယ်။ မြန်မာ ယူ-၁၆ အသင်းဟာ အခုလကုန်မှာ ကျင်းပမယ့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ သွားရောက် ကစားတာ ဖြစ်ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)