သတင်းဌာန အယောင်ဆောင်ပြီး NLD ပါတီကို တိုက်ခိုက်မှု တိုင်ကြားမယ်လို့ မုံရွာအောင်ရှင် ပြော

0
1273

သတင်းဌာန အယောင်ဆောင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို တိုက်ခိုက်တဲ့ကိစ္စ သတင်းမီဒီယာ ကောင်စီနဲ့ Facebook Team ကိုပဲ တိုင်ကြားမယ်လို့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

လူမှုကွန်ရက် Facebook မှာ လူထု အထင်လွဲမှားအောင် သတင်းဌာနလို အယောင်ဆောင်ထားတဲ့ Forward Media Group ဆိုတဲ့ အမည်နဲ့ စာမျက်နှာမှာ “သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ လုပ်ရပ်ဟာ အစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးနေသလို ဖြစ်နေတဲ့အတွက် သူ့ကိုမယုံဘူးလို့ မုံရွာအောင်ရှင်က ပြော” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇွန်လ ၂၃ ရက်နေ့က ရေးသားထားပါတယ်။

“အဲဒီစာမျက်နှာက ကျွန်တော့်ကို ဒီလိုပုံစံမျိုး စော်ကားတာ သုံးခါလောက်ရှိနေပြီ။ နောက် NLD နဲ့ သက်ဆိုင်တာတွေ လုပ်နေတာဗျ။ သတင်းမီဒီယာကောင်စီကို တိုင်ထားတယ်။ နောက်ပြီးတော့လည်း Facebook Team ကို ဒီကိစ္စတွေဟာ မဖြစ်သင့်ဘူးဆိုတာကိုပေါ့၊ အကြောင်းကြားထားတယ်။ ဒီလို စော်ကာတာတွေက ရှေ့ဆက်ပြီး အများကြီး ထွက်နေဦးမှာပါပဲ။ ကျနော့်လိုပဲ NLD က ခေါင်းဆောင်တွေကို ဒီလိုပဲ ပုတ်ခတ်စော်ကားနေတာပါပဲ။ သတင်းတု၊ သတင်းမှား၊ သတင်း အယောင်ဆောင်တာတွေနဲ့ လုပ်ကြမယ်ဆိုတာ ကျွန်တော်တို့ သတိတော့ရှိပါတယ်” လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

တရားဝင်သတင်းဌာနတွေ မဟုတ်ဘဲ အမည်ဝှက်တွေနဲ့ သတင်းဌာန အယောင်ဆောင်ထားတဲ့ စာမျက်နှာတွေကို ဖော်ထုတ်နိုင်ဖို့် နည်းပညာတို့၊ အခွင်အာဏာတို့ မရှိကြောင်းနဲ့ ဒီကိစ္စတွေ သမ္မတရုံးတို့ကပဲ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ပြောပါတယ်။

“ကျွန်တော်တို့ကတော့ မယုံကြည်ရတဲ့ သတင်းတုတွေ၊ သတင်းအမှားတွေ၊ သတင်း Website တွေအဖြစ်ပဲ အဲဒီ စာရင်းထဲပဲထည့်ပြီး အများသိအောင် ထုတ်ပြန်လို့ရမယ်” လို့ ဦးမြင့်ကျော်က ပြောပါတယ်။

ဒါပမယေ့ြ ဒီကိဈစကို ရဲစခနြးမှာ အမှုဖှင့တြာတှေ၊ တရားစှဲဆိုတာတှေ ပှုလုပမြှာ မဟုတဘြူးလို့ မုံရှာအောငရြှငကြ MCN သတငြးဌာနကို အတညပြှုပါတယြ။

____________________

____________________


သတင်းဌာန အယောင်ဆောင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို တိုက်ခိုက်တဲ့ကိစ္စ သတင်းမီဒီယာ ကောင်စီနဲ့ Facebook Team ကိုပဲ တိုင်ကြားမယ်လို့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

လူမှုကွန်ရက် Facebook မှာ လူထု အထင်လွဲမှားအောင် သတင်းဌာနလို အယောင်ဆောင်ထားတဲ့ Forward Media Group ဆိုတဲ့ အမည်နဲ့ စာမျက်နှာမှာ “သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ လုပ်ရပ်ဟာ အစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးနေသလို  ဖြစ်နေတဲ့အတွက် သူ့ကိုမယုံဘူးလို့ မုံရွာအောင်ရှင်က ပြော” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇွန်လ ၂၃ ရက်နေ့က ရေးသားထားပါတယ်။

“အဲဒီစာမျက်နှာက ကျွန်တော့်ကို ဒီလိုပုံစံမျိုး စော်ကားတာ သုံးခါလောက်ရှိနေပြီ။ နောက် NLD နဲ့ သက်ဆိုင်တာတွေ လုပ်နေတာဗျ။ သတင်းမီဒီယာကောင်စီကို တိုင်ထားတယ်။ နောက်ပြီးတော့လည်း Facebook Team ကို ဒီကိစ္စတွေဟာ မဖြစ်သင့်ဘူးဆိုတာကိုပေါ့၊ အကြောင်းကြားထားတယ်။ ဒီလို စော်ကာတာတွေက ရှေ့ဆက်ပြီး အများကြီး ထွက်နေဦးမှာပါပဲ။ ကျနော့်လိုပဲ NLD က ခေါင်းဆောင်တွေကို ဒီလိုပဲ ပုတ်ခတ်စော်ကားနေတာပါပဲ။ သတင်းတု၊ သတင်းမှား၊ သတင်း အယောင်ဆောင်တာတွေနဲ့ လုပ်ကြမယ်ဆိုတာ ကျွန်တော်တို့ သတိတော့ရှိပါတယ်” လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

တရားဝင်သတင်းဌာနတွေ မဟုတ်ဘဲ အမည်ဝှက်တွေနဲ့ သတင်းဌာန အယောင်ဆောင်ထားတဲ့ စာမျက်နှာတွေကို ဖော်ထုတ်နိုင်ဖို့် နည်းပညာတို့၊ အခွင်အာဏာတို့ မရှိကြောင်းနဲ့ ဒီကိစ္စတွေ သမ္မတရုံးတို့ကပဲ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ပြောပါတယ်။

“ကျွန်တော်တို့ကတော့ မယုံကြည်ရတဲ့ သတင်းတုတွေ၊ သတင်းအမှားတွေ၊ သတင်း Website တွေအဖြစ်ပဲ အဲဒီ စာရင်းထဲပဲထည့်ပြီး အများသိအောင် ထုတ်ပြန်လို့ရမယ်” လို့ ဦးမြင့်ကျော်က ပြောပါတယ်။

ဒါပေမယ့် ဒီကိစ္စကို ရဲစခန်းမှာ အမှုဖွင့်တာတွေ၊ တရားစွဲဆိုတာတွေ ပြုလုပ်မှာ မဟုတ်ဘူးလို့ မုံရွာအောင်ရှင်က MCN သတင်းဌာနကို အတည်ပြုပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)