ဆေးကုသခွင့် လိုင်စင်ကြေးကို တစ်နှစ်တာ ကင်းလွတ်ခွင့်ပြု

0
277

COVID-19 ရောဂါ ကုသရှာဖွေပေးရာမှာ ရှေ့တန်းက ပါဝင်တဲ့ ဆရာဝန်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆေးကုသခွင့် လိုင်စင်ကြေးကို တစ်နှစ်စာ ကင်းလွတ်ခွင့်ပြုတယ်လို့ မြန်မာနိုင်ငံ ဆေးကောင်စီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

COVID-19 ရောဂါ ကုသရှာဖွေပေးရာမှာ ရှေ့တန်းကနေ စွမ်းစွမ်းတမံ ပါဝင်နေတဲ့ ဆရာဝန်တွေကို မြန်မာနိုင်ငံ ဆေးကောင်စီက ဂုဏ်ပြုတဲ့အနေနဲ့ ဆေးကုသခွင့် လိုင်စင်ကြေးတွေကို ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်အရ တစ်နှစ်စာ ကင်းလွတ်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့ မတိုင်မီ အထွေထွေ ဆေးကုသခွင့် လိုင်စင်ရရှိပြီးထားသူ ဆရာဝန်တွေ အကျိုးခံစားခွင့် ရရှိနိုင်ဖို့ အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အတွင်း အထွေထွေ ဆေးကုသမှု လိုင်စင်သက်တမ်း တိုးတာ၊ အထူးဆေးကုသခွင့် လိုင်စင် လျှောက်ထားတာ၊ အထူးဆေးကုသခွင့် လိုင်စင်သက်တမ်းတိုးတာ ဆောင်ရွက်ကြမယ့် အထွေ ထွေရောဂါကု ဆရာဝန်တွေ၊ အထူးကု ဆရာဝန်တွေရဲ့ လိုင်စင်သက်တမ်းကြေး ၁ နှစ်စာကို ကင်းလွတ်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

_________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)