ဧရာဝတီတိုင်းဒေသကြီးမှာ ညမထွက်ရ အမိန့် ၂ လ ထပ်တိုး

0
263

COVID-19 အရေးပေါ်ကာလ လိုအပ်ချက်အရ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ညမထွက်ရအမိန့်ကို ၂ လ သက်တမ်း ထပ်တိုးခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်နေ့ကနေ မေလ ၁၆ ရက်နေ့အထိ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ခဲ့ပါတယ်။ မေလ ၁၆ ရက်နေ့ နောက်ပိုင်းမှာတော့ ညမထွက်ရ အမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ပြင်ဆင်သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။


___________________

___________________

ဧရာဝတီတိုင်းဒေသကြီးမှာ ညမထွက်ရ အမိန့် ၂ လ ထပ်တိုး

COVID-19 အရေးပေါ်ကာလ လိုအပ်ချက်အရ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ညမထွက်ရအမိန့်ကို ၂ လ သက်တမ်း ထပ်တိုးခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်နေ့ကနေ မေလ ၁၆ ရက်နေ့အထိ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ခဲ့ပါတယ်။ မေလ ၁၆ ရက်နေ့ နောက်ပိုင်းမှာတော့ ညမထွက်ရ အမိန့်ကို  ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ပြင်ဆင်သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ၂၉၂ ဦးအထိ ရှိနေပြီး၊ COVID-19 ရောဂါပိုးကင်းစင်သူ ၂၀၄ ဦးအထိ ရှိလာပါတယ်။ သေဆုံးသူကတော့ ၆ ဦးအထိ ရှိနေတာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)