KFC ကြက်ကြော် မန္တလေးမှာ ဖွင့်မယ်

0
285

အမေရိကန် KFC ကြက်ကြော်ဆိုင်ကို မန္တလေးမြို့မှာ တိုးချဲ့ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။

Yoma Strategic Holdings က စီမံလုပ်ဆောင်နေတဲ့ KFC ကို လာမယ့် ဇွန် သို့မဟုတ် ဇူလိုင်မှာ မန္တလေးမှာ စတင်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ Yoma ရဲ့ CEO မာလီဗင် ပန်းကို ကိုးကားပြီး Nikkei သတင်းဌာနက ဖော်ပြပါတယ်။

ပထမဆုံး KFC ကြက်ကြော်ဆိုင်ကို ၂၀၁၅ ခုနှစ်က ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ပွင့်လင်းလာပြီးနောက် ပြီးခဲ့တဲ့ နှစ်တွေအတွင် တောင်ကိုရီးယားက Lotteria ကြက်ကြော်က ၂၀၁၃၊ ဂျပန်က Freshness Burger က ၂၀၁၄၊ မနှစ်ကတော့ Burger King တို့ လာရောက် ဖွင့်လှစ်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)