NCA လမ်းကြောင်းကို လျစ်လျူရှုရင် ပြည်ထောင်စုက ခွဲထွက်ရေး ဦးတည်နေတယ်လို့ ယူဆ

0
304

NCA ကို လျစ်လျူရှုပြီး ဒုတိယလမ်းစဉ်ကို လုပ်ဆောင်နေခြင်းဟာ ဆွေးနွေး ညှိနှိုင်း အဖြေရှာရေး လမ်းစဉ်က သွေဖည်ပြီး လက်နက်ကိုင် လမ်းစဉ်၊ လက်နက်စွဲကိုင် အာဏာရယူရေး လမ်းစဉ်နဲ့ ခွဲထွက်ရေး လမ်းစဉ်တို့ကိုသာ ဦးတည်တယ်လို့ ယူဆကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

တချို့ တိုင်းရင်းသား အဖွဲ့တွေရဲ့ ဆွေးနွေးချက်၊ တင်ပြချက်၊ လုပ်ဆောင်ချက်နဲ့ အခြေခံ အယူအဆတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်ကို ကျော်လွန်ပြီး အလွန်အကျွံ တောင်းဆိုမှုတွေ ဖြစ်နေတာကို သတိပြုမိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ မေလ ၂၄ ရက်နေ့မှာ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ဖွင့်ပွဲ မိန့်ခွန်းမှာ ပြောသွားပါတယ်။

နိုင်ငံတော်နဲ့ ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်ဖျက်ဆီးတဲ့ လုပ်ရပ်တွေနဲ့ အဖွဲ့အစည်းတွေ အပေါ် မိမိတို့ရဲ့ တာဝန်နဲ့အညီ ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)