ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ NCA ကို ကျော်လွန် လုပ်ဆောင်နေတယ်လို့ တပ်ချုပ် ပြော

0
271

လက်တွေ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ရာမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ပါ အခြေခံမူတွေ၊ လမ်းပြမြေပုံ အစီအစဉ်တွေကို ကျော်လွန် ဆောင်ရွက်နေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီနေ့ မေလ ၂၄ ရက်နေ့မှာ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ဖွင့်ပွဲ မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားတာပါ။

NCA စာချုပ်ပါ နိုင်ငံရေး လမ်းပြမြေပုံဟာ အခိုင်အမာ သဘောတူ ပြဋ္ဌာန်းထားပြီး တိကျစွာ လျှောက်လှမ်းရမယ့် ပြည်ထောင်စုရဲ့ ထွက်ရပ်လမ်း ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

NCA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့ စာချုပ် မဟုတ်ကြောင်းကိုလည်း ရှင်းလင်းစွာ ထပ်မံ အသိပေးလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသွားပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်ချိန် ကာလမှာ နားလည်မှု လွဲမှားစေနိုင်တဲ့ ကိစ္စရပ်မျိုးတွေကို ရှေ့တန်းတင်တာ၊ အစိုးရရဲ့ အုပ်ချုပ်ရေး လုပ်ငန်းစဉ်အပေါ် ဝင်ရောက်စွက်ဖက်တာ၊ ကျော်လွန်လုပ်ဆောင် တာတွေကိုလည်း စောင့်ထိန်းကြဖို့ လိုတယ်လို့ သူက ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)