မျက်နှာချင်းဆိုင် ဆွေးနွေးညှိနှိုင်းတာက တူညီတဲ့ သဘောထားတွေ ဖော်ထုတ်စေနိုင်မယ်

0
337

အဝေးကနေ စကားလုံးတွေ၊ ပြောကြားချက်တွေကို နားထောင် အနက်ကောက်ပြီး သုံးသပ်နေတာထက် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းကြတာက တူညီတဲ့ သဘောထားတွေကို ဖော်ထုတ်နိုင်စေမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ပထမနေ့ (ဓာတ်ပုံ – HEIN HTET / EPA)

နိုင်ငံတော်ရဲ့ ရှေ့ခရီးအတွက် လျှောက်လှမ်းရာမှာ အားလုံးနဲ့ ညှိနှိုင်းဆွေးပြီးမှ ခြေလှမ်းတွေ လှမ်းနေတာ ဖြစ်ကြောင်း၊ ပေါ်ပင် အများကြိုးမယ့်နည်းနဲ့ ဖိအားပေးတာမျိုး၊ နိုင်ငံရေး အကျပ်ကိုင်တာမျိုး မလုပ်ဘူးလို့လည်း သူမက ပြောပါတယ်။

သဘောထား ကွဲလွဲမှုတွေကို ညှိနှိုင်း ဆွေးနွေးကြရာမှာ ယဉ်ကျေးတာဟာ ပျော့ညံ့တာ မဟုတ်ကြောင်း၊ ညှိနှိုင်းတာဟာ အလျှော့ပေးတာ မဟုတ်ကြောင်းနဲ့ သတိတရား၊ အသိတရားနဲ့ ဆင်ခြင်ကျင့်သုံးကြဖို့လည်း တိုက်တွန်းသွားပါတယ်။

နောက်ဆုံး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာ ဆွေးနွေးညှိနှိုင်းပြီး အတည်ပြုခဲ့ရာမှာ အားလုံး လက်ခံနိုင်တဲ့ အခြေခံမူ ၄၁ ချက် ရရှိခဲ့ကြောင်းလည်း ထည့်သွင်း ပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)