ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့် မရှိလို့ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး UNFC မတက်

0
325

တန်းတူရည်တူ ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့ ‘အထူးဖိတ်ကြားသူ’ အဆင့်အနေနဲ့ ဖိတ်တဲ့အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေနဲ့ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး မတက်ဘူးလို့ ကြေညာပါတယ်။

၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို တန်းတူရည်တူ ပါဝင်တက်ရောက် ဆွေးနွေးလိုရင် နှစ်ဘက် အပြန်အလှန် ကတိကဝတ်ပြုချက် (Deed of Commitment – DoC) နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးကြရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က မေလ ၁၂ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) ရဲ့ အဆိုပြုချက် ၉ ချက်ကို ညှိနှိုင်းသဘောတူညီမှု မရသေးတဲ့အတွက် DoC ကို လက်မှတ်ထိုးတဲ့ အဆင့် မရောက်နိုင်ဖြစ်နေကြောင်း UNFC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)