အကျဉ်းသား ၂၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

0
362

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံကို ကြိုဆိုတဲ့ အနေနဲ့ အကျဉ်းထောင် အသီးသီးမှာ ကျခံနေရတဲ့ အကျဉ်းသား ၂၅၉ ဦးကို သမ္မတ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း မေလ ၂၃ ရက်နေ့ ညနေမှာ ကြေညာလိုက်ပါတယ်

မြန်မာနိုင်ငံသား ၁၈၆ ဦးနဲ့ နိုင်ငံခြားသား ၇၃ ဦး၊ စုစုပေါင်း အကျဉ်းသား ၂၅၉ ဦး ဖြစ်ပါတယ်။ လွတ်လာသူတွေထဲမှာ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်လည်း ပါဝင်ပြီး တောင်ငူထောင်ကနေ ဒီနေ့ မေလ ၂၄ ရက်နေ့မှာ လွတ်လာတာပါ။

၂၁ ရာစု ပင်လုံ ညီလာခံကို မေလ ၂၄ ရက်နေ့က စတင်ပြီး ၅ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)