ဇနီးဖြစ်သူ ဖေ့စ်ဘုတ်သုံးလို့ ရန်ဖြစ်ရာက ၁ လသား ကလေးငယ် သေဆုံး

0
301

ဇနီးဖြစ်သူ ဖေ့စ်ဘုတ် သုံးစွဲတာနဲ့ ပတ်သက်ပြီး စကားများရာကနေ ခင်ပွန်းဖြစ်သူက သားဖြစ်သူ ၁ လသား ကလေးငယ်ကို သေဆုံးသည်အထိ ရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။

ကလေးငယ် သေဆုံးမှုအတွက် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပနေ အသက် ၂၃ နှစ်အရွယ် နေလင်းထက် ဆိုသူကို ရဲက ဖမ်းဆီးထားပါတယ်။

ပြီးခဲ့တဲ့ တစ်လ ကလေးမွေးပြီး ကတည်းက သူ့ဇနီးဟာ တစ်ချိန်လုံး ဖုန်းနဲ့ ဖေ့စ်ဘုတ်ပဲ သုံးနေပြီး ကလေးကို လုံးဝ ဂရုမစိုက်ဘူးလို့ နေလင်းထက်က စွပ်စွဲထားပါတယ်။

အဲဒီလို ဖေ့စ်ဘုတ်သုံးနေတာနဲ့ ပတ်သက်ပြီး ရန်ဖြစ်ရာကနေ နေလင်းထက်က စိတ်မထိန်းနိုင်ဘဲ ကလေးကို ရိုက်နှက်ခဲ့တာကနေ ကလေးငယ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမီက GSMA Intelligence ရဲ့ အချက်အလက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်မှု ၃၇ ဒသမ ၅ သန်း ရှိပါတယ်။ ၂၀၁၆ ခုနှစ် အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ် ပုံမှန် သုံးစွဲနေသူ ၁၀ သန်း ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)