ထိုင်းလှေပိုင်ရှင်က မြန်မာ လှေလုပ်သားကို သေနတ်နဲ့ ပစ်

0
303

ထိုင်းလှေပိုင်ရှင်က မြန်မာ လှေလုပ်သားကို သေနတ်နဲ့ ပစ်ခတ်မှု ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ ကူလဘူရီမှာ ဖြစ်ပွားခဲ့ပါတယ်။

လှေပိုင်ရှင်က လှေအလုပ်သမား မောင်မောင်ဌေး (အသက် ၂၁ နှစ်) ကို ဧပြီလ ၂၂ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဝမ်းဗိုက် ဘေးတစ်ဖက်ကနေ တခြားတစ်ဖက်ကို ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

၂၂ ရက်နေ့ညပိုင်းမှာ ဒဏ်ရာအခြေအနေအရ ကူလဘူရီ ဆေးရုံကနေ တကွာပါ ဆေးရုံကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး မောင်မောင်ဌေးရဲ့ အခြေအနေ အရ အတွင်းကလီစာတွေ ထိခိုက်မှု မရှိတဲ့အတွက် စိုးရိမ်စရာ မရှိဘူးလို့ ဆေးရုံက ပြောကြောင်း ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ဖြစ်စဉ်ကို ရေးသားထားပါတယ်။

သေနတ်နဲ့ ပစ်တဲ့ လှေပိုင်ရှင်ကို နယ်မြေခံရဲစခန်းက ဖမ်းပေမယ့် အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက မြန်မာသံရုံးကို အစီရင်ခံတင်ပြတာ၊ လှေပိုင်ရှင်ရဲ့ ဇနီးနဲ့ ညှိနှိုင်းပြီး ဆေးကုသစရိတ်နဲ့ အလုပ်ကိစ္စ ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် သေနတ်နဲ့ ပစ်ခံရတဲ့ မောင်မောင်ဌေးက တကွာပါဆေးရုံကနေ သူသဘောနဲ့သူ ဆေးရုံကနေ ဆင်းသွားတယ်လို့ သိရကြောင်းလည်း ဦးထူးချစ်က ရေးသားဖော်ပြထားပါတယ်။

မောင်မောင်ဌေးဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာက ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)