တစ်နိုင်ငံလုံးရှိ လမ်း၊ တံတားဂိတ် ၃၀၀ ကျော် ပိတ်သိမ်းဖို့ နည်းလမ်းရှာ

0
502

မြန်မာနိုင်ငံ တဝန်းမှာ လမ်း၊ တံတားကြေး ကောက်ခံနေတဲ့ ဂိတ်ပေါင်း ၃၀၀ ကျော်ကို ပိတ်သိမ်းဖို့ နည်းလမ်းရှာဖွေနေပြီ ဖြစ်ပါတယ်။

လမ်း၊ တံတား ဂိတ်ကြေး ကောက်ခံနေတဲ့ ဂိတ်ပေါင်း ၁၆၈ ဂိတ်ကို ပိတ်သိမ်းပယ်ဖျက်ပေးပြီး ဖြစ်ပါတယ်။ ထပ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လမ်း၊ တံတားကြေး ကောက်တဲ့ ဂိတ်တွေ ပိတ်သိမ်းပေးနိုင်ဖို့ နည်းလမ်းရှာနေတာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး မြဝတီ သတင်းဌာနက ဖော်ပြပါတယ်။

ဧပြီ ၁ ရက်နေ့ကစပြီးတော့လည်း ရန်ကုန်တိုင်းအတွင်းရှိ တံတား ၉ ခုမှာ ဖြတ်သန်းခ ကောက်ခံမှု ရပ်ဆိုင်းခဲ့ပါတယ်။

လမ်း၊ တံတားကြေး ကောက်ခံမှု ပိတ်သိမ်းခြင်းအားဖြင်း ကုန်စည်ပို့ဆောင်ရေးမှာ တန်ဆာခ လျော့ကျပြီး ကုန်စည်ဈေးနှုန်း ကျဆင်းလာဖွယ်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)