မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုတန်ဖိုး မြင့်တက်

0
292

မြန်မာနိုင်ငံရဲ့ စုစုပေါင်း နိုင်ငံခြား ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အကုန်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၈၆ ဘီလီယံ တိုးလာတယ်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၂၈ ဒသမ ၈၀၁ ဘီလီယံ ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ၂၇ ဒသမ ၇၁၄ ဘီလီယံ ရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆-၂၀၁၇ မှာ ပြည်ပပို့ကုန် တန်ဖိုးဟာ ဒေါ်လာ ၁၁ ဒသမ ၆၂၀ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ ကုန်သွယ်ရေး လိုငွေပြမှုက ဒေါ်လာ ၅ ဒသမ ၅ သန်း ရှိပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို အဓိက တင်ပို့တာတွေက သဘာဝ ဓာတ်ငွေ့၊ စိုက်ပျိုးရေးထွက်ကုန်၊ စက်မှုကုန်ချော လုပ်ငန်းထုတ်ကုန်တွေ ဖြစ်ပြီး တင်သွင်းမှု အများဆုံးကတော့ ပင်မ ကုန်ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)