မြိတ်တွင် အမျိုးသမီးတစ်ဦးထံမှ ဘိန်းစာမှုန့်ထုပ် ၁၆၀ ကျော်ဖမ်းမိ

0
303

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဘုတ်ချောင်းကျေးရွာမှာ အမျိုးသမီးတစ်ဦးဆီကနေ ဘိန်းစာမှုန့်ထုပ် ၁၆၀ ကျော်ကို ဧပြီလ ၂၁ ရက်နေ့ညက ဖမ်းဆီးရမိခဲ့ပါတယ်။

ဘုတ်ချောင်း ၂ လမ်းမှာ နေတဲ့ ဒေါ်ဖြူဖြူခိုင်ဟာ မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ သတင်းရရှိတဲ့အတွက် အမှတ် (၁) နယ်မြေရဲကင်းက ဒုရဲအုပ် ကျော်ဇေလင်းနဲ့ အဖွဲ့က သွားရောက် ဖမ်းဆီးတာ ဖြစ်ပါတယ်။

ဒေါ်ဖြူဖြူခိုင်ရဲ့ နေအိမ်မှာ စိမ်းဝါရောင် ဘိန်းစာမှုန့် ၁၆၂ ထုပ် (ကာလတန်ဖိုး ကျပ် ၁၁ သိန်း ၃ သောင်းကျော်ဖိုး) နဲ့ မူးယစ်ဆေးသုံးရာမှာ အသုံးပြုတဲ့ ခဲလိပ်၊ ရေသန့်ဗူးကို အပေါက်ဖောက်ပြီး ပိုက်တပ်ထားတဲ့ ဆေးရှူကိရိယာတို့ကို တွေ့ရှိခဲ့ပါတယ်။

ဒေါ်ဖြူဖြူခိုင်ကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချမှုနဲ့ ဖမ်းဆီးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)