မြန်မာကိုလာမယ့် နိုင်ငံခြားသားတွေ COVID-19 ကင်းရှင်းကြောင်း ဓာတ်ခွဲခန်းထောက်ခံချက် ပြရမယ်

0
173
devices -->

မြန်မာနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံခြားသားတွေအနေနဲ့ လေယာဉ်ပေါ် မတက်ခင် ၇၂ နာရီအတွင်း ရရှိထားတဲ့ COVID-19 ကင်းရှင်းကြောင်း ဓာတ်ခွဲခန်းထောက်ခံချက် ပြသဖို့ လိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ရောက်ရှိချိန်က စတင်ပြီး သတ်မှတ်ထားတဲ့နေရာမှာ Facility Quarantine ပြုလုပ်သွားရမှာဖြစ်ပြီး အဲ့ဒီ သတ်မှတ်ချက်ဟာ မတ်လ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီက စတင် အသက်ဝင်မှာ ဖြစ်တယ်လို့ အစိုးရက ကြေညာထားပါတယ်။
မြန်မာနိုင်ငံကို လာမယ့် နိုင်ငံခြားခရီးသွားတွေအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံတမန်တွေ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေပါ လေယာဉ်ပေါ် မတက်မီ ၇၂ နာရီအတွင်း စစ်ဆေးခဲ့တဲ့ COVID-19 ရောဂါကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ထောက်ခံချက် ပြသရမှာဖြစ်ပြီး ရောက်ရှိတဲ့အချိန်က စတင်ပြီး နေအိမ်မှာ ၁၄ ရက် Home Quaraantine ရယူပြီး စောင့်ကြည့်ခံရမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ကူးစက်ခံရသူနှစ်ဦးမှာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်းက အင်္ဂလန်နဲ့ အမေရိကန်ကနေ ပြန်လာခဲ့သူတွေ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>