မတ်လ ၂၃ ရက်နေ့မှာ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားကနေ ၂၁၇၉ ဦး ဝင်ရောက်

0
110
devices -->

ထိုင်း-မြန်မာ နယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားကနေ နယ်စပ်ဖြတ်ကျော်ပြီး မြဝတီမြို့ကို ဝင်ရောက်လာတဲ့ နေရပ်ပြန် မြန်မာအလုပ်သမားတွေ မတ်လ ၂၃ ရက်နေ့က ၂၁၇၉ ဦး ရှိခဲ့ပါတယ်။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ပြီး မြဝတီဘက်ခြမ်းမှာ မတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲအထိ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့ကတည်းက တစ်ရက်ကို ပျမ်းမျှ နေရပ်ပြန်လာသူ ၅၀၀၀ ခန့် ရှိခဲ့ပြီး မတ်လ ၂၂ ရက်နေ့ကစပြီး လူအဝင် နည်းလာတာ ဖြစ်ပါတယ်။ နေရပ်ပြန်လာတဲ့ မြန်မာအလုပ်သမားတွေဟာ လူစုလူဝေး ရှောင်ပြီး မိမိနေအိမ်မှာ ၁၄ ရက် နေထိုင်ကြရမှာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>