တရားလွှတ်တော်ရှေ့နဲ့ တရားရုံး အငယ်တန်းစားရေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်

0
242

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နေ တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင်နဲ့ အငယ်တန်းစာရေး ဒေါ်တင်တင်ရွှေတို့ နှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဒီနေ့ မတ်လ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဓနုဖြူမြို့နယ် တရားသူကြီးက ဓနုဖြူမြို့နယ် တရားရုံး ရာဇဝတ်ကြီးမှု အမှတ် ၂၅၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၇ အမှုအား အကြိမ်ကြိမ် ရုံးချိန်းခေါ်၊ အချိန်ဆွဲ စစ်ဆေးပြီး ငွေကျပ် ၅ သိန်း တောင်းယူကာ တရားသေ လွှတ်ခဲ့တာကို အရေးယူပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုင်ကြားမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင်ဟာ အဲဒီအမှုနဲ့ စပ်လျဉ်းပြီး အမှုသည်ကိုယ်စား တရားရုံးရှေ့ လိုက်ပါဆောင်ရွက်တဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ မြို့နယ်တရားသူကြီးကို တံစိုးလက်ဆောင် အဖြစ်ပေးဖို့ အမှုသည်ထံမှ ၁-၄-၂၀၁၉ ရက်နေ့နဲ့ ၅-၄-၂၀၁၉ ရက်နေ့တို့မှာ ငွေကျပ် ၅ သိန်းကို တောင်းခံ ရယူခဲ့ကြောင်း၊ ၁-၄-၂၀၁၉ ရက်နေ့မှာ ဓနုဖြူမြို့နယ်တရားရုံး အငယ်တန်းစာရေး ဒေါ်တင်တင်ရွှေဟာ အမှုသည်အား တရားခွင်ရုံးခန်းအတွင်း ခေါ်ပြီး စွဲဆိုထားတဲ့အမှုှုကို တရားသူကြီးမှ တရားသေ လွှတ်ပေးဖို့အတွက် မြို့နယ်တရားသူကြီးအား ငွေကြေးကန်တော့ရန် တိုက်တွန်းခဲ့ကြောင်းနဲ့အ မှုသည်ထံမှ ငွေကြေးတောင်းခံ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ငွေကြေးတောင်းခံကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင်နဲ့ တရားရုံး အငယ်တန်းစာရေး ဒေါ်တင်တင်ရွှေတို့ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ဓနုဖြူမြို့မ ရဲစခန်းမှာ မတ်လ ၂၃ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)