ဆန္ဒအလျောက် အဆိုပြုတဲ့ ဆရာဝန် ငါးဦးကို တီးတိန် ပြည်သူ့ဆေးရုံမှာ တွဲဖက် တာဝန်ချ

0
140
devices -->

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းတွေအတွက် ကျရာနေရာမှ တာဝန်ထမ်းဆောင်ဖို့ မိမိတို့ ဆန္ဒအလျောက် အဆိုပြုလာတဲ့ ဆရာဝန် ငါးဦးကို ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံမှာ တွဲဖက် တာဝန်ချထားလိုက်ပါတယ်။

ဒေါက်တာ နုန်းမွန်းထောန်၊ ဒေါက်တာ လာလ်ရမ်ဇာအို၊ ဒေါက်တာ ဘွေမန်းလျန်၊ ဒေါက်တာ ဝတ်ရည်ဝင်း၊ ဒေါက်တာ ကောင်းမြတ်ဦးတို့ကို မတ်လ ၂၅ ရက်နေ့ကစပြီး တွဲဖက် တာဝန်ချထားလိုက်တာ ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒီဆရာဝန်တွေအတွက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ကြောင်းလည်း ဖော်ပြထားပါတယ်။

မတ်လ ၁၃ ရက်နေ့က အမေရိကန်ကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူ တစ်ဦးထံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီး ချင်းပြည်နယ်၊ တီးတိန်ဆေးရုံမှာ ရောက်ရှိနေပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>