ထိုင်းပြန် မြန်မာတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အရောက် အခမဲ့ပို့ဆောင်ပေးမယ်

0
111

ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားကနေ မြန်မာအလုပ်သမားတွေကို ကရင်ပြည်နယ် အစိုးရအစီအစဉ်နဲ့ မြဝတီကနေ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအရောက် ကားတွေနဲ့ အခမဲ့ ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ မြဝတီ မဲန္ဒနယ် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ ၁၄ ရက်ကြာ နေထိုင်ပြီး ကျန်းမာရေးသတိရှိကြဖို့၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေ ဖြစ်ပွားပါက နီးစပ်ရာ ကျန်မားရေးဌာနတွေကို အသိပေး အကြောင်းကြားဖို့ကိုလည်း သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါ ကာကွယ်တားဆီးနိုင်ဖို့ အတွက် နေပြည်တော် ပြည်သူ့ကျန်မားရေး ဦးစီးဌာနက ရောဂါနှိမ်နင်းရေး ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူအောင်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ မြဝတီ၊ ဘားအံ၊ ကော့ကရိတ်မြို့မှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အင်အားဖြည့် ပေါင်းစပ်ပြီး ကြပ်ကြပ်မတ်မတ် စစ်ဆေး ဆောင်ရွက်နေပါတယ်။

>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)