ULA / AA ကို အကြမ်းဖက် အုပ်စု၊ မတရားအသင်းတို့အဖြစ် ကြေညာ

0
149
devices -->

United League of Arakan (ULA) / Arakan Army (AA) လက်နက်ကိုင် အဖွဲ့တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က အကြမ်းဖက် အုပ်စုအဖြစ်၊ ပြည်ထဲရေး ဝန်ကြီးဌာနက မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်မှာ အသီးသီး ကြေညာလိုက်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စု အစိုးရအဖွဲ့ သဘောတူညီချက်နဲ့ အကြမ်းဖက် အုပ်စုအဖြစ် ကြေညာတာဖြစ်တယ်လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ ULA / AA နဲ့ အဲဒီအဖွဲ့ရဲ့ လက်အောက်ခံ အဖွဲ့တွေကို မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂) ပါ အဓိပ္ပာယ် ဖော်ပြချက်များနဲ့အညီ မတရားအသင်းအဖြစ် ကြေညာကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

ULA / AA ကို အကွမျးဖကျ အုပျစု၊ မတရားအသငျးတို့အဖွဈ ကွညော