ရခိုင်အရေး ကုလသမဂ္ဂက နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ လွှတ်ဖို့ သဘောတူ

0
252

ကုလသမဂ္ဂ လူ့အခွင့်အရေး အဆင့်မြင့် အဖွဲ့က ရခိုင်ပြည်နယ် မွတ်စလင်အရေး စွပ်စွဲချက်တွေအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့စေလွှတ်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို လုံခြုံရေး တပ်ဖွဲ့တွေက သတ်တယ်၊ မုဒိမ်းကျင့်တယ်၊ နှိပ်စက်တယ်ဆိုပြီး စွပ်စွဲထားတဲ့အပေါ် အချက်အလက် ရှာဖွေစုံစမ်းရေး နိုင်ငံတကာ အဖွဲ့တဖွဲ့လွှတ်ဖို့ အဖွဲ့ဝင် ၄၇ နိုင်ငံပါ ညီလာခံက ဆုံးဖြတ်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်နေတဲ့ မွတ်စလင်တွေ ၇ သောင်းခွဲအနက် ၂၂၀ ကို တွေ့ဆုံမေးမြန်းတဲ့အပေါ် အခြေခံကာ ကုလသမဂ္ဂက အစီရင်ခံစာ ရေးထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ကတော့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကလည်း အဲဒီလို စုံစမ်းရေးအဖွဲ့လွှတ်တာမှာ သူတို့ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)