စားသောက်ဆိုင် ၆ ဆိုင်ပါ ပထမဆုံး ဂျပန် Food Court ရန်ကုန်မှာ ဖွင့်

0
291

စားသောက်ဆိုင် ၆ ဆိုင် တတွဲတည်းပါဝင်တဲ့ ပထမဆုံး ဂျပန် Food Court ကို ရန်ကုန်မြို့မှာ မတ်လ ၂၂ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

တိုကျို အခြေစိုက် ဆိုဂျစ် ကော်ပိုရေးရှင်းနဲ့ မြန်မာပြည်က စီးတီးမတ်တို့ ပူးပေါင်းဖွင့်လှစ်ထာဖြစ်ပြီး ဂျပန်အစားအစာ အစစ်၊ အရည်အသွေးကောင်း ဝန်ဆောင်မှုတွေပါတဲ့ စားသောက်ဆိုင် ၆ ဆိုင်တွဲကို ဖွင့်လှစ်တာ ဖြစ်ပါတယ်။

လူ ၂၀၀ ဆံ့ပြီး ဂျပန်စားစရာမျိုးစုံ ရရှိနိုင်ပြီး မြန်မာနိုင်ငံသား ၅၀ ကို ဝန်ထမ်းအဖြစ် ခန့်ထားပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး ဂျပန်စားသောက်ဆိုင်ကို ၁၉၈၈ မှာ ဖွင့်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)