မောင်တောမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ ထပ်မံကြံစည်မှု ၁၅ ဦးကျော်ကို ဖမ်းဆီး

0
308

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာနယ်မြေ၊ တင်းမေကျေးရွားနားမှာ မသင်္ကာဖွယ် လူတွေရှိ နေတယ်လို့ သတင်းအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့က မတ်လ ၇ ရက်နေ့မှာ သွားရောက် ရှင်းလင်းရာမှာ လူနေတဲ အကြီး ၁ လုံး၊ အသေး ၃ လုံး တွေ့ပြီး လူ ၂ ဦး ဖမ်းမိခဲ့ပါတယ်။

ဖမ်းမိတဲ့ ၂ ဦးအနက် မာမတ်ဇူဘိုင်ကို စစ်မေးတာမှာ ဘင်္ဂလားဆင်းကဒ်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ဦးလေးဆီ ဖုန်းဆက်ဖို့ ရောက်နေတယ် ဖြစ်တယ်လို့ သိရတဲ့အတွက် ပို့ကုန်/ သွင်းကုန် ဥပဒေနဲ့ အရေးယူခဲ့ပါတယ်။

နောက်တစ်ဦးဖြစ်တဲ့ အဒူလာမိန်ကို စစ်မေးရာမှာတော့ သူဟာ အကြမ်းဖက် သင်တန်းသား ဖြစ်တယ်လို့ သိရပြီးနောက် အကြမ်းဖက်သင်တန်းအတွက် ငွေထောက်ပံ့သူ၊ သင်တန်းသား စုဆောင်းပေးသူ၊ သင်တန်းတက်ရောက်သူ ကွင်းဆက်ကို ဖော်ထုတ်နိုင်တာ ဖြစ်ပါတယ်။

ငွေကြေး ထောက်ပံ့သူ ၂ ဦးနဲ့ သင်တန်းသား တစ်ဦးကို မတ်လ ၁၄ ရက်နေ့မှာ ဖမ်းမိပြီး ကျန် တိမ်းရှောင်နေသူတွေကို တင်းမေရွာ မြောက်ဘက်တဝိုက် တောင်ကုန်းတွေမှာ ပိတ်ဆို့ဖမ်းဆီးရာမှာ မင်္သကာဖွယ် ၁၃ ဦးကို ထပ်မံ ဖမ်းဆီးရမိပါတယ်။

တင်းမေကျေးရွာ၊ ငမြင်းဘော်ကျေးရွာ၊ ယင်းမကျောက်တော် ကျေးရွာ၊ အင်းချောဘဒနာ ကြေးရွာတွေမှာ အကြမ်းဖက် သင်တန်းတွေ ပေးဖို့ ကြံစည်နေစဉ် ပထမဆုံး တင်းမေကျေးရွာကိစ္စမှာ ဖော်ထုတ်ဖမ်းဆီးနိုင်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)