အများပြည်သူ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်ဝယ်ဖို့ ကျပ် ဘီလီယံ ၇၀ လျာထား

0
392

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အများပြည်သူ ပို့ဆောင်ရေးအတွက် အသုံးပြုမယ့် မော်တော်ယာဉ်တွေ ဝယ်ယူဖို့ ကျပ် ဘီလီယံ ၇၀ လျာထားဖို့ သတ်မှတ်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၇ ခုနှစ် ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို တိုင်းဒေသကြီး လွှတ်တော်မှာ တင်သွင်းစဉ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက အဲဒီလို ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မော်တော်ယာဉ်တွေ ဝယ်ယူဖို့ကို ဘတ်ဂျက်နှစ် မကုန်ခင် အမြန်ဆုံး အကောင်အထည်ဖော်မယ်လို့လည်း ဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ဦးဆောင်မှုနဲ့ ဒီနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ YBS ခရီးသည်တင် ယာဉ်လိုင်းတွေကို စတင်ပြေးဆွဲတာ ဖြစ်ပါတယ်။ လတ်တလောမှာ ယခင် မ.ထ.သ တုန်းက သုံးခဲ့တဲ့ ယာဉ်အိုယာဉ်ဟောင်း အများစုကိုပဲ သုံးပြီး ပြေးဆွဲနေရဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)