မိုးညှင်းသမ္ဗုဒ္ဓေဘုရားရှိ အလှူခံပုံးဖောက်ကာ ငွေခိုးသူကို ဖမ်းမိ

0
322

မုံရွာမြို့ရှိ မိုးညှင်းသမ္ဗုဒ္ဓေဘုရားက အလှူခံပုံး ၄ ပုံးကို ဖောက်ကာ အလှူငွေတွေ ခိုးယူသွားသူကို မနေ့က မတ်လ ၂၃ ရက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဆိုင်ကယ် ကယ်ရီသမားတစ်ဦးရဲ့ သတင်းပေးချက်အရ ဖောက်ထွင်းခိုးယူခံရပြီး ၉ ရက်အကြာမှာ ဖမ်းမိတာ ဖြစ်ပါတယ်။

မုံရွာ-ရွှေဘိုယာဉ်လိုင်းက ကံရာမင်းကားကို ရပ်တန့်စစ်ဆေးရာမှာ ဝန်းသိုမြို့၊ အမှတ် (၁) မြို့သစ်နေ မျိုးအောင်ထက် (ခ) ပြဲပြဲဆိုသူရဲ့ အိတ်ထဲက ငွေ ၇ သိန်းကျော်နဲ့ အတူ ဖမ်းမိခဲ့ပါတယ်။

စီစီတီဗီထဲမှာ တွေ့ရတဲ့ပုံဟာ မျိုးအောင်ထက်နဲ့ တူညီနေပြီး အလှူခံပုံးထဲက ခိုးယူခဲ့တာ ဖြစ်ကြောင်း မျိုးအောင်ထက်က ဝန်ခံထွက်ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)