လောက်ကိုင်မှာ တပ်မတော်က တောင်ကုန်းများ ပြန်သိမ်းပိုက်

0
326

ကိုးကန့် MNDAA လက်နက်ကိုင်တွေ သိမ်းပိုက် ခြေကုပ်ယူထားတဲ့ တောင်ကုန်းတချို့ကို တပ်မတော်က ပြန်လည် သိမ်းပိုက်လိုက်ပါတယ်။

မတ်လ ၈ ရက်ကနေ စတင်တိုက်ခိုက်ခဲ့ရာမှာ မတ်လ ၁၅ ရက်မှာ ပွိုင့် ၁၂၆၉ တောင်ကုန်း၊ မတ်လ ၁၆ ရက်မှာ ပွိုင့် ၁၀၅၂ တောင်ကုန်း၊ မတ်လ ၁၇ ရက်နေ့မှာ ပွိုင့် ၁၀၈၈ တောင်ကုန်း တို့ကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၀ မှာတော့ တောင်ကုန်း ၃ ခုကို ထပ်မံ သိမ်းပိုက်ရရှိပါတယ်။

ကိုးကန့် MNDAA ဘက်က ကျဆုံးတဲ့ အလောင်း ၂၈ လောင်း၊ လက်နက် ၅၉ လက်၊ စိတ်ကြွဆေးပြား ၁ သိန်း ၃ သောင်းကျော် သိမ်းပိုက်ရရှိပြီး တပ်မတော်ဘက်ကလည်း အရာရှိနဲ့ စစ်သည်တချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)