လက်ပံတောင်း ဒေသမှာ တားမြစ်မိန့်ထုတ်ပြန်၊ မလိုက်နာပါက ထိရောက်စွာ အရေးယူမယ်

0
253

စစ်ကိုင်းတိုင်း၊ ယင်းမာပင် ခရိုင်၊ လက်ပံတောင်း ဒေသ၊ ဆားလင်းကြီးမှာ အချက် ၃ ချက်ပါ တားမြစ်မိန့်ကို ထုတ်ပြန်လိုက်ပြီး မလိုက်နာပါက အင်အားသုံး ဖမ်းဆီးပြီး တည်ဆဲဥပဒေအရ အရေးယူတော့မှာ ဖြစ်ပါတယ်။

မိုးကြိုးပြင် တောင်ကျေးရွာ၊ မိုးကြိုးပြင် အလယ်ရွာနဲ့ မိုးကြိုးပြင် မြောက်ရွာအနီး မုံရွာ-ပုသိမ် လမ်းမကြီးပေါ်မှာ မော်တော်ယာဉ်တွေကို တားဆီးပိတ်ဆို့တာ၊ ယာဉ်နဲ့ လူတွေကို ထိန်းသိမ်းတာ၊ ခွင့်ပြုချက် မရဘဲ စီတန်း လှည့်လည်တာတွေ ပြုလုပ်လို့ဆိုပြီး ဆားလင်းကြီး အထွေထွေ အုပ်ချုပ်ရေးမှူးရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တာ ဖြစ်ပါတယ်။

တားမြစ်မိန့်မှာ အမိန့်မရှိဘဲ လမ်းပေါ်မှာ ဆူပူလှုံဆော်ဖို့ ရည်ရွယ်ချက်နဲ့ ငါးဦးထက်ပိုပြီး စုဝေးတာ၊ တုတ်ဓားလက်နက် ကိုင်ဆောင်တာ မလုပ်ရ၊ ပုသိမ်-မုံရွာ ကားလမ်းတလျှောက် လမ်းပိတ်ဆို့ခြင်း မလုပ်ရ၊ လုံခြုံရေး တာဝန်ယူထားသူတွေကို နှောက်ယှက် ဟန့်တားခြင်း မပြုရတို့ ပါဝင်ပါတယ်။

မလိုက်နာပါက အင်အားသုံးဖမ်းဆီးမှာ ဖြစ်ပြီး ထိရောက်စွာ အရေးယူမယ်လို့ ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)