iflix အင်တာနက် ရုပ်ရှင်ဝန်ဆောင်မှု ရက် ၃၀ အခမဲ့ ကြည့်နိုင်

0
368

နိုင်ငံတကာနဲ့ မြန်မာ ရုပ်ရှင်တွေကို အင်တာနက်ကနေ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် iflix ဝန်ဆောင်မှုကို သုံးစွဲသူများ အနေနဲ့ စတင်သုံးစွဲတဲ့ နေ့ကနေ ရက်ပေါင်း ၃၀ အထိ အခမဲ့ ကြည့်ခွင့်ရမှာ ဖြစ်ပါတယ်။

မတ်လ ဒုတိယပတ်မှာ စတင်မိတ်ခဲ့တဲ့ iflix မှာ သီးသန့် တီဗီရှိုးတွေ၊ ဆုရ တီဗီစီးရီးတွေ၊ နာမည်ကြီးရုပ်ရှင်တွေ၊ ကလေးများအတွက် အစီအစဉ်တွေ ကြည့်ရှုနိုင်ပါတယ်။

တစ်လ အခမဲ့ကြည့်ရှုပြီးတဲ့နောက်ပိုင်းမှာ တစ်လကို ကျပ် ၃ ထောင်နှုန်းနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ iflix ကို သုံးဖို့အတွက် Facebook အကောင့်၊ အီးမေးလ်၊ တယ်လီဖုန်းနံပါတ်တွေ လိုပါတယ်။ iflix ကို လက်ကိုင်ဖုန်း၊ ကွန်ပျူတာတို့ကနေ တဆင့် ကြည့်ရှုနိုင်ပါတယ်။

လတ်တလောမှာတော့ နိုင်ငံတကာ ကားတချို့ပဲ မြန်မာစာတန်းထိုး ကြည့်ရှုနိုင်ပါသေးတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ iflix အသုံးပြု ၁ သောင်းကျော် ရှိလာပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)