တပ်မတော်နဲ့ ပတ်သက်မှုကို ရှောင်ရှားဖို့ သြစတြေးလျကို HRW တိုက်တွန်း

0
251

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် မြန်မာ တပ်မတော်နဲ့ ဆက်ဆံမှုကို သြစတြေးလျအနေနဲ့ ရှောင်ရှားသင့်ကြောင်းနဲ့ တပ်မတော်နဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က တိုက်တွန်းလိုက်ပါတယ်။

မကြာသေးမီက မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး အန်ဒီရီယာ ဖော်ကနာနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် HRW အဖွဲ့က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မေရီ ပိန်းထံ စာရေးသား ပေးပို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။


တပမြတောနြဲ့ ပတသြကမြှုကို ရှောငရြှားဖို့ သှစတှေးလကွို HRW တိုကတြှနြး

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် မြန်မာ တပ်မတော်နဲ့ ဆက်ဆံမှုကို သြစတြေးလျအနေနဲ့ ရှောင်ရှားသင့်ကြောင်းနဲ့ တပ်မတော်နဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က တိုက်တွန်းလိုက်ပါတယ်။

မကြာသေးမီက မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး အန်ဒီရီယာ ဖော်ကနာနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် HRW အဖွဲ့က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မေရီ ပိန်းထံ စာရေးသား ပေးပို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သြစတြေးလျ သံအမတ်ကြီးတို့ တွေ့ဆုံစဉ် မြန်မာ-သြစတြေးလျ နှစ်ပေါင်းများစွာ သံတမန်ဆက်ဆံရေး ကောင်းမွန်ခဲ့မှု အခြေအနေတွေ၊ ဘာသာစကား သင်တန်း၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်း၊ မူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သင်တန်းနဲ့ ဆေးဘက်ဆိုင်ရာသင်တန်းတွေ စတဲ့ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေတွေ စတာတွေကို ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)