Work.com.mm က ရန္ကုန္ၿမိဳ႕မွာ အလုပ္ အကုိင္အခြင့္အလမ္းျပပြဲျပဳလုပ္ (႐ုပ္/သံ)

0
992

ကုမၸဏီေပါင္း ၂၀ က အလုပ္အကိုင္ေပါင္း ၈၀ ေက်ာ္ေခၚယူဖို႔ Work.com.mm က ရန္ကုန္ၿမိဳ႕မွာ အလုပ္ အကုိင္အခြင့္အလမ္းျပပြဲျပဳလုပ္ခဲ႔ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထား ပါတယ္။

ျပည္တြင္းမွာ အလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီေပါင္း ၉၀ ေက်ာ္ရွိေနၿပီး အဲဒီေအဂ်င္စီေတြကေန အလုပ္အကိုင္ ေတြ ရွာေဖြေပးေနတာပါ ။

အလုပ္အကုိင္အခြင့္အလမ္းေတြ အခမဲ႔ ရွာေဖြေပးေနတဲ႔ Work.com.mm က ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ ရန္ကုန္ၿမိဳ႕ အထက္ပန္းဆုိးတန္းလမ္းရွိ Rose Garden Hotel မွာ ကုမၸဏီေပါင္း ၂၀ က အလုပ္အကိုင္ေပါင္း ၈၀ ေက်ာ္ကို ေခၚယူဖို႔ အလုပ္အကုိင္အခြင့္အလမ္းျပပြဲျပဳလုပ္ခဲ႔ပါတယ္ ။

Soundbite – ဦးေက်ာ္စိန္ထြန္း (ျပည္သူ႔ဆက္ဆံေရးမန္ေနဂ်ာ) Work.com.mm

အဲဒီလို အလုပ္အကိုင္အခြင့္အလမ္းျပပြဲေတြကို ရန္ကုန္၊ မႏၱေလး၊ ပဲခူး၊ မေကြးနဲ႔ ေမာ္လၿမိဳင္တို႔မွာ အမ်ားဆုံး ျပဳလုပ္ေနတာ ျဖစ္ၿပီး၊ ၂၀၁၀ ကေန အခုႏွစ္အထိ အလုပ္အကိုင္အခြင့္အလမ္းျပပြဲေပါင္း ၄၀ ျပဳလုပ္ခဲ႔ပါတယ္။ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြမွာေတာ႔ အခုလို အလုပ္အကိုင္ျပပြဲေတြ တစ္ႏွစ္ကို ၂ ႀကိမ္ ျပဳလုပ္ဖို႔ အလုပ္သမား ညႊန္ၾကားေရးဦးစီးဌာနက ညႊန္ၾကားထားတာပါ။

Soundbite – ဦးဝင္းရွိန္ (ညႊန္ၾကားေရးမွဴးခ်ဳပ္) အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန

အခုျပဳလုပ္တဲ႔ အလုပ္အကိုင္ျပပြဲမွာ စီမံခန္႔ခြဲေရး၊ ေဈးကြက္ရွာေဖြးေရးနဲ႔ ရုပ္သံထုတ္လႊင့္မႈမီဒီယာနယ္ပယ္အတြက္ သင္တန္းေတြအပါအဝင္ အလုပ္အကိုင္ေပါင္း ၈၀ ေက်ာ္ေခၚယူေနတာျဖစ္ၿပီး၊ လာမယ့္ မတ္လအတြင္း ရန္ကုန္ၿမိဳ႕မွာ Work.com.mm က အလုပ္အကိုင္အခြင့္အလမ္းျပပြဲတစ္ခု ထပ္မံ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကုမ္ပဏီပေါင်း ၂၀ က အလုပ်အကိုင်ပေါင်း ၈၀ ကျော်ခေါ်ယူဖို့ Work.com.mm က ရန်ကုန်မြို့မှာ အလုပ် အကိုင်အခွင့်အလမ်းပြပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထား ပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီပေါင်း ၉၀ ကျော်ရှိနေပြီး အဲဒီအေဂျင်စီတွေကနေ အလုပ်အကိုင် တွေ ရှာဖွေပေးနေတာပါ ။

အလုပ်အကိုင်အခွင့်အလမ်းတွေ အခမဲ့ ရှာဖွေပေးနေတဲ့ Work.com.mm က ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden Hotel မှာ ကုမ္ပဏီပေါင်း ၂၀ က အလုပ်အကိုင်ပေါင်း ၈၀ ကျော်ကို ခေါ်ယူဖို့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲပြုလုပ်ခဲ့ပါတယ် ။

Soundbite – ဦးကျော်စိန်ထွန်း (ပြည်သူ့ဆက်ဆံရေးမန်နေဂျာ) Work.com.mm

အဲဒီလို အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွေကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ မော်လမြိုင်တို့မှာ အများဆုံး ပြုလုပ်နေတာ ဖြစ်ပြီး၊ ၂၀၁၀ ကနေ အခုနှစ်အထိ အလုပ်အကိုင်အခွင့်အလမ်းပြပွဲပေါင်း ၄၀ ပြုလုပ်ခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ အခုလို အလုပ်အကိုင်ပြပွဲတွေ တစ်နှစ်ကို ၂ ကြိမ် ပြုလုပ်ဖို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားထားတာပါ။

Soundbite – ဦးဝင်းရှိန် (ညွှန်ကြားရေးမှူးချုပ်) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

အခုပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲမှာ စီမံခန့်ခွဲရေး၊ ဈေးကွက်ရှာဖွေးရေးနဲ့ ရုပ်သံထုတ်လွှင့်မှုမီဒီယာနယ်ပယ်အတွက် သင်တန်းတွေအပါအဝင် အလုပ်အကိုင်ပေါင်း ၈၀ ကျော်ခေါ်ယူနေတာဖြစ်ပြီး၊ လာမယ့် မတ်လအတွင်း ရန်ကုန်မြို့မှာ Work.com.mm က အလုပ်အကိုင်အခွင့်အလမ်းပြပွဲတစ်ခု ထပ်မံ ပြုလုပ်သွားဖို့ ရှိနေပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)