ၿမိတ္ၿမိဳ႕နယ္ အိမ္အကူမိန္းကေလးတစ္ဦး ညႇဥ္းပန္းႏွိပ္စက္ခံရ

0
900

၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ က ၿမိတ္ၿမိဳ႕နယ္မွာ အိမ္အကူမိန္းကေလးတစ္ဦး ညႇဥ္းပန္းႏွိပ္စက္ ခံရတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာန က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ၿမိတ္ၿမိဳ႕နယ္ ႀကံေတာကြက္သစ္ရပ္ေန ဦးေအာင္ကိုကို(ခ) ေအာင္ကို(၂၅) ႏွစ္ နဲ႔ ဇနီးျဖစ္သူ မျမတ္မြန္ထြဋ္(၂၃) ႏွစ္တိုေနအိမ္မွာ ကေလးထိန္းအိမ္အကူ လုပ္ကိုင္ေနသူ မေ႐ႊဇင္ဝင္း(ခ)ေ႐ႊဇင္(၁၁)ႏွစ္ ဟာ ကေလးထိန္း အလုပ္လုပ္ကိုင္ေနစဥ္ ညႇဥ္းပန္းႏွိပ္စက္ခံရတာျဖစ္တယ္လုိ႔ ထုတ္ျပန္ခ်က္မွ ေဖာ္ျပထားပါတယ္။

လြန္ခဲ့တဲ့ ၂ လေက်ာ္ခန္႔က ဦးေအာင္ကိုကို(ခ)ေအာင္ကို ေနအိမ္မွာ မေရႊဇင္ဝင္းဟာ ကေလးထိန္းအိမ္အကူ အျဖစ္ တစ္လကို ၃၀,၀၀၀ က်ပ္နဲ႔ လုပ္ကိုင္ခဲ့ၿပီး ကေလးထိန္း အလုပ္လုပ္ရတဲ့အျပင္ အဝတ္ေလ်ာ္/ အိမ္သန္႔ရွင္းေရးအားလုံးကို လုပ္ကိုင္ရၿပီး ညအခ်ိန္မေတာ္မွ အိပ္စက္ခဲ့ကာ ကေလး ထိန္းခ်ိန္အတြင္းအိမ္ငိုက္ ေနခ်ိန္မွာ မ်က္ႏွာကိုလက္သီးနဲ႔ ထုိးမႈ၊ ထိုင္ထအအၾကိမ္ ၁၀၀၀ လုပ္ခုိင္းမႈ၊ လက္သည္းနဲ႔ ကုတ္ဖဲ႔မႈ၊ ဟင္းခ်က္ဇြန္းျပား နဲ႔ ရိုက္ႏွက္ခံရမႈအျပင္ ၿခိမ္းေျခာက္မႈေတြလည္းရွိခဲ့ပါတယ္။

အဲဒီလုိမ်ိဳး လုပ္ခံရတာေၾကာင့္ မေ႐ႊဇင္ဝင္း(ခ)ေ႐ႊဇင္မွာ လည္ဂုတ္ညိဳမဲ၊ မ်က္လုံးဖူးေရာင္၊ လက္ပြန္းျခစ္၊ လက္သန္းျပတ္ရွ၊ ေက်ာကုန္းနာက်င္ဒဏ္ရာေတြရရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြိတ်မြို့နယ် အိမ်အကူမိန်းကလေးတစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရ

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က မြိတ်မြို့နယ်မှာ အိမ်အကူမိန်းကလေးတစ်ဦး ညှဉ်းပန်းနှိပ်စက် ခံရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြိတ်မြို့နယ် ကြံတောကွက်သစ်ရပ်နေ ဦးအောင်ကိုကို(ခ) အောင်ကို(၂၅) နှစ် နဲ့ ဇနီးဖြစ်သူ မမြတ်မွန်ထွဋ်(၂၃) နှစ်တိုနေအိမ်မှာ ကလေးထိန်းအိမ်အကူ လုပ်ကိုင်နေသူ မရွှေဇင်ဝင်း(ခ)ရွှေဇင်(၁၁)နှစ် ဟာ ကလေးထိန်း အလုပ်လုပ်ကိုင်နေစဉ် ညှဉ်းပန်းနှိပ်စက်ခံရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂ လကျော်ခန့်က ဦးအောင်ကိုကို(ခ)အောင်ကို နေအိမ်မှာ မရွှေဇင်ဝင်းဟာ ကလေးထိန်းအိမ်အကူ အဖြစ် တစ်လကို ၃၀,ဝ၀ဝ ကျပ်နဲ့ လုပ်ကိုင်ခဲ့ပြီး ကလေးထိန်း အလုပ်လုပ်ရတဲ့အပြင် အဝတ်လျော်/ အိမ်သန့်ရှင်းရေးအားလုံးကို လုပ်ကိုင်ရပြီး ညအချိန်မတော်မှ အိပ်စက်ခဲ့ကာ ကလေး ထိန်းချိန်အတွင်းအိမ်ငိုက် နေချိန်မှာ မျက်နှာကိုလက်သီးနဲ့ ထိုးမှု၊ ထိုင်ထအအကြိမ် ၁၀ဝ၀ လုပ်ခိုင်းမှု၊ လက်သည်းနဲ့ ကုတ်ဖဲ့မှု၊ ဟင်းချက်ဇွန်းပြား နဲ့ ရိုက်နှက်ခံရမှုအပြင် ခြိမ်းခြောက်မှုတွေလည်းရှိခဲ့ပါတယ်။

အဲဒီလိုမျိုး လုပ်ခံရတာကြောင့် မရွှေဇင်ဝင်း(ခ)ရွှေဇင်မှာ လည်ဂုတ်ညိုမဲ၊ မျက်လုံးဖူးရောင်၊ လက်ပွန်းခြစ်၊ လက်သန်းပြတ်ရှ၊ ကျောကုန်းနာကျင်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)