အနည္းဆုံးအခေၾကးေငြ အဆိုျပဳႏႈန္းထားအသစ္ကို ကန္႔ကြက္ (႐ုပ္/သံ)

0
1007

အနည္းဆုံးအခေၾကးေငြ အဆိုျပဳႏႈန္းထားအသစ္ကို ရန္ကုန္၊ မႏၱေလးအပါအဝင္ ျပည္နယ္နဲ႔တိုင္း ၁၀ ခုက ကန္႔ကြက္ထားပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

အနည္းဆံုးအခေၾကးေငြ အဆိုျပဳႏႈန္းထား တစ္ရက္ကို ၄၈၀၀ က်ပ္လို႔ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ ၂၉ ရက္ေန႔က အနည္းဆံုးအခေၾကးေငြ သတ္မွတ္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီက ထုတ္ျပန္ေၾကညာခဲ႔ပါတယ္။

အဲဒီေၾကျငာခ်က္ကို ကခ်င္၊ ကယား၊ ကရင္၊ ခ်င္းနဲ႔ ေနျပည္ေတာ္တို႔က လက္ခံၿပီး ရန္ကုန္၊ မႏၱေလးအပါအဝင္ ျပည္နယ္နဲ႔တိုင္း ၁၀ ခုက အလုပ္ရွင္၊ အလုပ္သမားေတြက ကန္႔ကြက္ထားတယ္လို႔ အလုပ္သမားညႊန္ၾကားေရး ဦးစီးဌာနက ေျပာပါတယ္။

Soundbite – ဦးဝင္းရွိန္ (ညႊန္ၾကားေရးမွဴးခ်ဳပ္) အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန

အဲဒီလို ကန္႔ကြက္မႈေတြ ရွိေနေပမယ့္ အနည္းဆုံးအခေၾကးေငြဥပေဒပါ အခ်က္ ၉ ခ်က္နဲ႔ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြရဲ႕ ေလ့လာေတြ႔ရွိခ်က္အေပၚ မူတည္ၿပီး အနည္းဆံုးအခေၾကးေငြ သတ္မွတ္ေရးဆိုင္ရာ အမ်ိဳးသားေကာ္မတီက ဆုံးျဖတ္သြားဖို႔ရွိေနပါတယ္။

Soundbite – ဦးဝင္းရွိန္ (ညႊန္ၾကားေရးမွဴးခ်ဳပ္) အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန

အနည္းဆုံးအခေၾကးေငြအဆိုျပဳႏႈန္းထားအသစ္ကို ထုတ္ျပန္ေၾကညာၿပီးေနာက္ပိုင္း ရက္ေပါင္း ၆၀ အတြင္း အဲဒီအဆိုျပဳႏႈန္းထားကို ကန္႔ကြက္တာေတြ ျပင္ဆင္တာေတြ ျပဳလုပ္ႏိုင္တယ္လို႔ ဥပေဒမွာ ေဖၚျပထားပါတယ္။ အဲ႔ဒီအတြက္ လာမယ့္ မတ္လမွာ သတ္မွတ္ထားတဲ႔ ရက္ေပါင္း ၆၀ ျပည့္သြားၿပီျဖစ္တဲ႔အတြက္ မတ္လဒုတိယပတ္မွာ အနည္းဆံုးအခေၾကးေငြကို အတည္ျပဳ သတ္မွတ္သြားဖို႔ ရွိေနတာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားအသစ်ကို ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်နယ်နဲ့တိုင်း ၁၀ ခုက ကန့်ကွက်ထားပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တစ်ရက်ကို ၄၈၀ဝ ကျပ်လို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီကြေငြာချက်ကို ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ နေပြည်တော်တို့က လက်ခံပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ပြည်နယ်နဲ့တိုင်း ၁၀ ခုက အလုပ်ရှင်၊ အလုပ်သမားတွေက ကန့်ကွက်ထားတယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ပြောပါတယ်။

Soundbite – ဦးဝင်းရှိန် (ညွှန်ကြားရေးမှူးချုပ်) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

အဲဒီလို ကန့်ကွက်မှုတွေ ရှိနေပေမယ့် အနည်းဆုံးအခကြေးငွေဥပဒေပါ အချက် ၉ ချက်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ လေ့လာတွေ့ရှိချက်အပေါ် မူတည်ပြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။

Soundbite – ဦးဝင်းရှိန် (ညွှန်ကြားရေးမှူးချုပ်) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

အနည်းဆုံးအခကြေးငွေအဆိုပြုနှုန်းထားအသစ်ကို ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ရက်ပေါင်း ၆၀ အတွင်း အဲဒီအဆိုပြုနှုန်းထားကို ကန့်ကွက်တာတွေ ပြင်ဆင်တာတွေ ပြုလုပ်နိုင်တယ်လို့ ဥပဒေမှာ ဖေါ်ပြထားပါတယ်။ အဲ့ဒီအတွက် လာမယ့် မတ်လမှာ သတ်မှတ်ထားတဲ့ ရက်ပေါင်း ၆၀ ပြည့်သွားပြီဖြစ်တဲ့အတွက် မတ်လဒုတိယပတ်မှာ အနည်းဆုံးအခကြေးငွေကို အတည်ပြု သတ်မှတ်သွားဖို့ ရှိနေတာဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)