
0
1019

မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ဝင်များ အနေနဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပိုင်နိုင်စွာ လေ့လာထားဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွှတ်တော်အဖွဲ့ဝင်များ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေတွေကို လေ့လာဖို့ လို

မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြန်မာနိုင်ငံ လွှတ်တော် အဖွဲ့ အဖွဲ့ဝင်များအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပိုင်နိုင်စွာ လေ့လာထားဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union-MPU) အစည်းအဝေး (၂/၂ဝ၁၈) မှာအ ခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ လွှတ်တော် ဟာ ပြည်သူများက ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်း ထားပြီး နိုင်ငံရဲ့ အခြေခံအုတ်မြစ်ဟာ လွှတ်တော်ဖြစ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောပါတယ်။

လွှတ်တာ် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေရည်ရွယ်ချက်မှာ လွှတ်တော် အသီးသီး ဆောင်ရွက်မှုများ နည်းလမ်းမှန်ကန်ခိုင်မာပြီး အရည်အသွေးကောင်းမွန် တိုးတက်မြင့်မားရေးအတွက် အဖွဲ့အစည်းများ နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)