
0
959




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါးမှုနဲ့ တရားခံ ၁၄၀ဝ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၉၉၄ မှု ဖြစ်ပွားခဲ့ပြီး တရားခံပေါင်း ၁၄၃၉ ဦးကို အမှုဖွင့် ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ဖမ်းဆီးရမိမှုတွေထဲမှာ ဘိန်းမှု ၃၁ မှု (အလေးချိန် ၁၇၆ ဒသမ ၉၃ ကီလို)၊ ဘိန်းဖြူ ၃ဝ၄ မှု (၅၂၅ ဒသမ ဝ၆ ကီလို)၊ စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှု ၅၈၆ မှု (၃၃ဝ၁၆၃၉၄ ပြား)၊ ဆေးခြောက်မှု ၂၉ မှု (၉ ဒသမ ၁၄၈ ကီလို)၊ အိုက်စ် ၈ မှု (၁၈၁၃ ဒသမ ၅၉ ကီလို)၊ ဘိန်းစာမှုန့် ၁၃ မှု (၆၅ ဒသမ ၉၄ ကီလို)၊ ဟိုက်ဒရိုကလိုရစ် အက်စစ် ၁ မှု (လီတာ ၁၆၇၅ဝ)၊ အက်စီတုန်း ၃ မှု (လီတာ ၃၂၄ဝဝ) သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီ မူးယစ်ဆေးမှုတွေနဲ့ ဆက်စပ်ပြီး တရားခံ အမျိုးသား ၁၂၅၂ ဦး၊ အမျိုးသမီး ၁၈၇ ဦး၊ စုစုပေါင်း ၁၄၃၉ ဦး ဖမ်းဆီးအမှုဖွင့်နိုင်ခဲ့ပြီး သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတန်ဖိုးက ငွေကျပ် ၁၅၂၆၄၈၄ ဒသမ ၄၂၇ သိန်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)