မႏၱေလးမွာ ႐ုရွား ေတးဂီတအဖြဲ႕ ေဖ်ာ္ေျဖ

0
911

မႏၲေလးတိုင္း အစိုးရအဖြဲ႔နဲ႔ ႐ုရွား-ျမန္မာ ခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္းေဆာင္ရြက္ေရး အသင္းတို႔ စီစဥ္တဲ့ ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံၾကား သံတမန္ဆက္ဆံေရး ထူေထာင္တဲ့ ႏွစ္ (၇ဝ) ျပည့္ အထိမ္းအမွတ္ ေတးဂီတေဖ်ာ္ေျဖပြဲကို မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ အမ်ဳိးသား ကဇာတ္႐ုံမွာ က်င္းပပါတယ္။

ေဖေဖာ္ဝါရီ ၂၂ ရက္ ညေန ၆ နာရီက က်င္းပတဲ့ အဲဒီ ေတးဂီတ ေဖ်ာ္ေျဖပြဲမွာ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္နဲ႔ ႐ုရွားသံ႐ုံးက ဒုတိယ သံအမတ္ႀကီး ေဒါက္တာ ဆာေဂး လစ္ဇီဂတ္ဘ္တို႔က အမွာစကားေျပာ ၾကားပါတယ္။

ဂီတေဖ်ာ္ေျဖပြဲမွာ ႐ုရွား႐ိုးရာ ေက်းလက္ဂီတအဖြဲ႕ ကလာဂ်က္စ္နဲ႔ တူရိယာပညာရွင္ ၃ ဦးျဖင့္ တီးခတ္တဲ့ ေငြေရာင္တူရိယာႀကိဳးမ်ားအဖြဲ႔တို႔က ေဖ်ာ္ေျဖတင္ဆက္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန္တလေးမှာ ရုရှား တေးဂီတအဖွဲ့ ဖျော်ဖြေ

မန္တလေးတိုင်း အစိုးရအဖွဲ့နဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းတို့ စီစဉ်တဲ့ မြန်မာ-ရုရှား နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ် (၇ဝ) ပြည့် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၆ နာရီက ကျင်းပတဲ့ အဲဒီ တေးဂီတ ဖျော်ဖြေပွဲမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ ရုရှားသံရုံးက ဒုတိယ သံအမတ်ကြီး ဒေါက်တာ ဆာဂေး လစ်ဇီဂတ်ဘ်တို့က အမှာစကားပြော ကြားပါတယ်။

ဂီတဖျော်ဖြေပွဲမှာ ရုရှားရိုးရာ ကျေးလက်ဂီတအဖွဲ့ ကလာဂျက်စ်နဲ့ တူရိယာပညာရှင် ၃ ဦးဖြင့် တီးခတ်တဲ့ ငွေရောင်တူရိယာကြိုးများအဖွဲ့တို့က ဖျော်ဖြေတင်ဆက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)