ေအာင္လအန္ဆန္း က မာခ်ာဒိုကို ၅၆ စကၠန္႔အတြင္း အႏိုင္ယူ

0
942

ဝမ္း မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္း (ေခၚ) ျမန္မာ့စပါးအုံးက ဘရာဇီးႏိုင္ငံက ဟဲဗီးဝိတ္တန္း ခ်န္ပီယံ အလက္ဇန္ ဒေရ မာခ်ာဒိုကို ပြဲစစခ်င္း ၅၆ စကၠန္႔အတြင္း ေျခေထာက္ အျမင့္ ပတ္ကန္ခ်က္နဲ႔ အႏိုင္ယူလိုက္ပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၂၃ ရက္ ရန္ကုန္ၿမိဳ႕၊ သုဝဏၰအားကစား႐ုံမွာ က်င္းပတဲ့ ONE Championship (MMA) QUEST FOR Gold ၿပိဳင္ပြဲမွာ ဝမ္း လိုက္ဟဲဗီးဝိတ္တန္း ကမာၻ႔ခ်န္ပီယံရွစ္ ဆုရရွိေရးအတြက္ ေအာင္လအန္ဆန္းနဲ႔ မာခ်ာဒိုတို႔ ယွဥ္ၿပိဳင္ ထိုးသတ္ခဲ့တာ ျဖစ္ပါတယ္။

‘ဒီေန႔ ကြၽန္ေတာ့္ယွဥ္ၿပိဳင္မႈက စကၠန္႔ပိုင္းေလးအတြင္း ေအာင္ျမင္မႈ ရတယ္ဆိုေပမယ့္ ဒီေအာင္ျမင္မႈ ရဖို႔အတြက္ ကြၽန္ေတာ့္ မိသားစုနဲ႔ခြဲခြာၿပီး ၈ ပတ္ၾကာေလ့က်င့္ခဲ့တာပါ၊ ပရိသတ္ေတြရဲ႕ အားေပးမႈေၾကာင့္ ေအာင္ျမင္မႈရတယ္လို႔ ျမင္ပါတယ္၊ ကြၽန္ေတာ့္ရဲ႕ ၿပိဳင္ဘက္ေတြ အမ်ားႀကီး ရွိလာဦးမယ္လို႔ ထင္ပါတယ္၊ ဒါေၾကာင့္ ကြၽန္ေတာ့္မွာ တာဝန္ပိုႀကီးလာတယ္လို႔ ခံစားရပါတယ္၊ ဒီခါးပတ္ ၂ ခုလုံးကို ကာကြယ္သြားမွာပါ၊ မစ္ဒယ္ဝိတ္တန္း ကာကြယ္ပြဲက ဇြန္၊ ဇူလုိင္ေလာက္ ျဖစ္မယ္ထင္တယ္” ဟု ေအာင္လအန္ဆန္က ပြဲအၿပီး မီဒီယာေတြကို ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အောင်လအန်ဆန်း က မာချာဒိုကို ၅၆ စက္ကန့်အတွင်း အနိုင်ယူ

ဝမ်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် (ခေါ်) မြန်မာ့စပါးအုံးက ဘရာဇီးနိုင်ငံက ဟဲဗီးဝိတ်တန်း ချန်ပီယံ အလက်ဇန် ဒရေ မာချာဒိုကို ပွဲစစချင်း ၅၆ စက္ကန့်အတွင်း ခြေထောက် အမြင့် ပတ်ကန်ချက်နဲ့ အနိုင်ယူလိုက်ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၃ ရက် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံမှာ ကျင်းပတဲ့ ONE Championship (MMA) QUEST FOR Gold ပြိုင်ပွဲမှာ ဝမ်း လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံရှစ် ဆုရရှိရေးအတွက် အောင်လအန်ဆန်နဲ့ မာချာဒိုတို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

‘ဒီနေ့ ကျွန်တော့်ယှဉ်ပြိုင်မှုက စက္ကန့်ပိုင်းလေးအတွင်း အောင်မြင်မှု ရတယ်ဆိုပေမယ့် ဒီအောင်မြင်မှု ရဖို့အတွက် ကျွန်တော့် မိသားစုနဲ့ခွဲခွာပြီး ၈ ပတ်ကြာလေ့ကျင့်ခဲ့တာပါ၊ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အောင်မြင်မှုရတယ်လို့ မြင်ပါတယ်၊ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေ အများကြီး ရှိလာဦးမယ်လို့ ထင်ပါတယ်၊ ဒါကြောင့် ကျွန်တော့်မှာ တာဝန်ပိုကြီးလာတယ်လို့ ခံစားရပါတယ်၊ ဒီခါးပတ် ၂ ခုလုံးကို ကာကွယ်သွားမှာပါ၊ မစ်ဒယ်ဝိတ်တန်း ကာကွယ်ပွဲက ဇွန်၊ ဇူလိုင်လောက် ဖြစ်မယ်ထင်တယ်” ဟု အောင်လအန်ဆန်က ပွဲအပြီး မီဒီယာတွေကို ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)