အမေရိကန်က ကယားပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်း တွေလုပ်မယ်

0
944

အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာ ဖွံဖြိုးရေး အေဂျင်စီဟာ အခြေခံဝန်ဆောင်မှုပိုင်း ဖွံ့ဖြိုးတိုးတက်စေဖို့ ကယားပြည်နယ်မှာ ဖွံဖြိုးတိုးတက်ရေးစီမံကိန်းတွေ လုပ်ဆောင်မှာဖြစ်ပြီး အဲဒီစီမံကိန်းတွေအတွက် အမေရိကန် ဒေါ်လာ ၄၈ သန်း ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်က ကယားပြည်နယ် ဖွံဖြိုးရေး စီမံကိန်း တွေလုပ်မယ်

အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာ ဖွံဖြိုးရေး အေဂျင်စီဟာ အခြေခံဝန်ဆောင်မှုပိုင်း ဖွံ့ဖြိုးတိုးတက်စေဖို့ ကယားပြည်နယ်မှာ ဖွံဖြိုးတိုးတက်ရေးစီမံကိန်းတွေ လုပ်ဆောင်မှာဖြစ်ပြီး အဲဒီစီမံကိန်းတွေအတွက် အမေရိကန် ဒေါ်လာ ၄၈ သန်း ရင်းနှီးမြှပ်နှံမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

တိုင်းရင်သားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေကြား လက်နကိုင်ပဋိပက္ခတွေကြောင့် ကယားပြည်နယ် ဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက စကာ့မာစီရယ်ကယ်လ်က အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ရှင်သန်နေထိုင်မှု ပိုမိုကောင်းမွန်အောင် ကာလအတန်ကြာလုပ်ဆောင်ပေးနေပြီး အထူးသဖြင့် ပဋိပက္ခတွေကြုံရတဲ့အဖွဲ့အစည်းတွေကြား ဖွံဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ထောက်ပံပေးခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးမှု ပိုမိုဖြစ်လာအောင် လုပ်ဆောင်သွားမယ်လို့ အမေရိကန်သံအမတ် ကီးက ပြောခဲ့ပါတယ်၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)