0
238
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဘင်္ဂါလီမွတ်စလင်တွေကို ပထမဆုံးအကြိမ်အဖြစ် သီတင်းပတ် ၂ ပတ် အတွင်း ခေါ်မယ်
မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံမှာရောက်ရှိနေတဲ့ ဘင်္ဂါလီမွတ်စလင် အများစုကို သီတင်း ၂ ပတ် အတွင်းပြန်ခေါ်သွားမယ်လို့ မြန်မာအစိုးရ အကြီးတန်းအရာရှိတစ်ဦးကပြောခဲ့ပါတယ်။
မြန်မာနိုင်ငံ ဟာ အခု လအစောပိုင်းမှာဘင်္ဂလားဒေရှေ့်အစိုးရ ကပေးခဲ့တဲ့ ဘင်္ဂါလီမွတ်စလင် အိမ်ထောင်စု ၁၇၀ဝ နီးပါး ရဲ့ လူပေါင်း ၈၀ဝ၀ ကျော်ကို စစ်ဆေးမှုတွေလုပ်ဆောင်နေပြီး အဲဒီ စစ်ဆေးမှုတွေ ဟာ မကြာမီ ပြီးစီးမယ်လို့ လူမူ ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက Anadolu ရဲ့ ဖုန်းဆက်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
စစ်ဆေးမှုတွေ ပြီးသွားချိန်မှာ ဘင်္ဂါလီ မွတ်စလင်တွေ ကို ပထမ ဆုံးပြန်ခေါ်မူကို ၂ ပတ် အတွင်းလုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့ ဝန်ကြီး ဝင်းမြတ်အေးက ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တစ်ရက်ကို ဘင်္ဂလီ ဒုက္ခသည် ၃၀ဝ ပြန်ခေါ်သွားမယ်လို့ လူမူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးကပြောခဲ့ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)