နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ရုရှား-မြန်မာ ချစ်ကြည်ရေး ဥက္ကဋ္ဌတို့ တွေ့ဆုံ

0
329

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဥက္ကဌ Mr. Mikhail Dmitriev နှင့်အဖွဲ့ကို ဒီကနေ့ နေ့လယ် ၂ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရဲ့ ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေတဲ့ ချစ်ကြည်ရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင် ရွက်သွားနိုင်ရေးကိစ္စ၊ နှစ်နိုင်ငံ လူငယ်တွေ အကြား အပြန်အလှန် ကူးလူးဆက်ဆံရေး တိုးမြှင့်သွားဖို့ကိစ္စတွေကို ဆွေးနွေးကြတာပါ။

ဒါ့အပြင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ရုရှားနိုင်ငံမှ ကျောင်းသားတွေ မြန်မာဘာသာစကား ပိုမိုလာရောက် သင်ကြားနိုင်ရေး ကိစ္စတွေအပေါ်မှာ လည်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)