ဒုသမ္မတ ဦးမြင့်ဆွေ နဲ့ ဂျပန်-အာဆီယံ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ ဖလှယ်မှု ကော်မတီဥက္ကဋ္ဌ တို့ တွေ့ဆုံ

0
367

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ ဂျပန်နိုင်ငံ International Friendship Exchange Council-FEC အဖွဲ့ရဲ့
ဂျပန်-အာဆီယံ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ ဖလှယ်မှု ကော်မတီဥက္ကဋ္ဌ မစ္စတာ နိုရီအို ယာမာဂူချီ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့မနက် ၁၀ နာရီ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင် ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေဆုံရာမှာ မြန်မာနိုင်ငံရဲ့ လူနေမှုဘ၀နဲ့ လယ်ယာ၊ သားငါးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေး စတာတွေကို ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကဏ္ဍမှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးပြီး ရေရှည်တည်တံ့ခိုင်မြဲရေးတွေမှာ ဂျပန်နိုင်ငံမှ ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမယ့် အစီအစဉ်တွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)