ဟားခါးမြို့ ဈေးသစ်ရပ်ကွက်မှာ မီးလောင်မှု ဖြစ်ပွား

0
280

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက် နံနက်က ချယ်ရီလမ်းနဲ့ အ.ထ.က(၁) ပညာရေးဝန်ထမ်း အိမ်ရာကြားရှိ ဦးလျန်တီလ် ရဲ့ နေအိမ် မီးလောင်ခဲ့ပါတယ်။

အဲဒီမီးလောင်မှုဟာ ဦးလျန်တီလ် ရဲ့ နေအိမ်အပေါ်ထပ်မှာ ငှားရမ်းနေထိုင်သူ ဦးရန်အောင်ကျော်က ဖယောင်းတိုင်မီး ထွန်းညှိထားခဲ့ရာ က မွေ့ယာပေါ်ကို ကူးစက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်မှုကြောင့် လူနေအိမ် ၂ လုံကူးဆက်လောင်ကျွမ်းပြီး ဦးရန်အောင်ကျော်မှာ မီးလောင်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် ကျား(၁၁)ဦး ၊ မ (၁၄)ဦး၊ပေါင်း(၂၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရာ တာဝန်ရှိသူတွေက နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ နေရာချထားပေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)