PACE အဖွဲ့ကနေ ကြားဖြတ်ရွေးကောက်ပွဲအတွက် စေတနာ့ဝန်ထမ်း လုပ်အားပေးတွေ ခေါ်ယူ

0
375

ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE ) ကနေ ကြားဖြတ်ရွေးကောက်ပွဲအတွင်း ကာလတိုလေ့လာစောင့်ကြည့်ရေးအတွက် စေတနာဝန်ထမ်း လုပ်အား ပေးတွေကို ခေါ်ယူနေပါတယ်။

အဲ့ဒီ ကာလတို စောင့်ကြည့်ရေးလုပ်ငန်းစဉ်ဟာ မက်လ ၂၇ ရက်နဲ့ ဧပြီလ ၁ ရက်နေ့အတွက် ၂ ရက်တာကို လုပ်ဆောင်ပေးရမှာဖြစ်ပြီး ၂၁၀၇ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် ပြည်နယ် နဲ့ တိုင်းဒေသကြီး အသီးသီးက နေရာ ၂၂ နေရာမှာ လေ့လာစောင့်ကြည့်ရေးတွေ လုပ်ဆောင်သွားရမှာပါ။

အဲဒီအတွက် စေတနာဝန်ထမ်းဦးရေ အယောက် ၆၀၀ လိုအပ်ချက်ရှိနေပြီး စိတ်ပါဝင်စားသူတွေဟာ နိုင်ငံရေးပါတီ တွေနဲ့ ပတ်သက်ဆက်နွှယ်မှု ကင်းလွတ်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် PACE အဖွဲ့က ခေါ်ယူတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကာလတို လေ့လာစောင့်ကြည့်သူအဖြစ် ပူးပေါင်းပါဝင်လိုတယ်ဆိုရင် PACE အဖွဲ့ရုံးချုပ် ရန်ကုန်မြို့ လှိုင်မြို့နယ် ကန်လမ်းကွန်ဒို အမှတ် ၉၀ ၊ ၇လွာ(A) မှာ သွားရောက် စုံစမ်းလျောက်ထား နိုင်သလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပြည်သူတွေအနေနဲ့ ဖုန်းနံပါတ် ၀၁၅၁၂၆၄ ကိုဆက်သွယ်ပြီး မေးမြန်း စုံစမ်းနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)