ကြက်လှရွှေလို့ သုံးလိုက်တာဟာ မိသားစုဝင်တွေရဲ့ စိတ်ကို အကြမ်းဖက်တာ ဖြစ်တယ်လို့ဆို

0
303

ဖေဖော်ဝါရီလ(၂၂)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ တစ်စောင်ဖြစ်တဲ့ ကြေးမုံသတင်းစာမှာ ၁၉၇၄ ကျောင်းသားဟောင်း တစ်ဦးဖြစ်တဲ့ ကြက်လှရွှေ(ခ)ဦးအောင်သာလို့ သုံးလိုက်တဲ့ အတွက် မိသားစုဝင်တွေရဲ့ စိတ်ကို အကြမ်းဖက်တာဖြစ်တယ်လို့ ဦးအောင်သာရဲ့သမီးဖြစ်သူမမေဇွန်ဦးက MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဦးအောင်သာရဲ့သမီးဖြစ်သူ မမေဇွန်ဦးကတော့ ကြေးမုံသတင်းစာကို တရားစွဲဆိုသွားဖို့ အစီစဉ်မရှိသလို သူရဲ့အဖေကို ကြက်လှဆွေလို့ သုံးတာဟာ ရိုင်းပြစော်ကားတဲ့ အသုံးအနှုန်းဖြစ်ပြီး နှိမ့်ချလို့တဲ့စိတ်နဲ့ သုံးခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

မနေ့က ဦးအောင်သာကို အဲဒီသတင်းရေးသားခဲ့တဲ့ ကြေးမုံသတင်းထောက်ကိုလတ်က တောင်းပန်စာပြန်ထည့်ပေးဆိုပြီး ပြောဆိုခဲ့ပေမယ့် ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာတော့ ဦးအောင်သာကို တောင်းပန်ထားတဲ့စာမဟုတ်သလို ဒုတိယတစ်ကြိမ်ကြေးမုံသတင်းစာက ထပ်လိမ်လိုက်တယ်လို့ မမေဇွန်ဦးက MCN သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)