မူးယစ်ဆေးဝါးဆိုင်ရာ Focal Point အစည်းအဝေး ပြုလုပ်

0
273

ကိုလံဘို စီမံကိန်းရဲ့အရှေ့တောင်အာရှ ဒေသခွဲ မူးယစ်ဆေးဝါးဆိုင်ရာ Focal Point အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ အချိန် နေပြည်တော်ရှိ Kempinski Hotel မှာကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ကိုယ်စားလှယ်တွေ၊ အရှေ့တောင်အာရှ ဒေသနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊၊ စင်္ကာပူ၊ လာအို၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ အမေရိကန်၊ ဂျပန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံတွေမှ ကိုယ်စားလှယ်တွေ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးတွေ စုစုပေါင်း (၄၂) ဦး တက်ရောက်ခဲ့ကြတာပါ။

အဲဒီအစည်းအဝေးမှာ အမေရိကန်နိုင်ငံ ကိုယ်စားလှယ်မှ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင် ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်သူတွေ အတွက် လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးကိစ္စရပ်တွေ၊ ဂျပန်နိုင်ငံကိုယ်စားလှယ်မှ အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေ သြစတြေးလျနိုင်ငံ ကိုယ်စားလှယ်မှ တားဆီးနှိမ်နင်းရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)