လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး လစဉ် တိုင်ကြားစာ ၆၀ ခန့် ရှိနေ

0
315

အချုပ်ခန်းတွေနဲ့ ရဲဘက် စခန်းတွေကို သွားရောက် ကြည့်ရှုစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မတွေ့ရဘူးလို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာ မြင့်ကြည်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြင့်ကြည် ခေါင်းဆောင်တဲ့ စစ်ဆေးရေးအဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက လှည်းကူးမြို့နယ် အတွင်းရှိ လှည်းကူးမြို့မရဲစခန်းရှိ အချုပ်ခန်း၊ မြို့နယ်တရားရုံးရှိ အချုပ်ခန်းတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ၊ အကျဉ်း ဦးစီးဌာနရဲ့မင်းကုန်းစိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှု အတတ်သင်စခန်း၊ လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနဲ့ အသက်မွေးမှု အတတ်သင်စခန်းတွေကို သွားရောက် စစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုပြောကြား လိုက်တာပါ။

ဒါ့အပြင် အကျဉ်းသားတွေနဲ့ သီးခြားစီတွေ့ဆုံမှုတွေလည်း ရှိခဲ့ပြီး အဲဒီတွေ့ရှိချက်တွေကို ကော်မရှင်ထံ တင်ပြကာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ပြောကြားပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံကို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနဲ့ ပတ်သက်ပြီး လက်ရှိကာလ မှာ လစဉ် တိုင်ကြားစာ ၆ဝ ခန့် ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)