မူးယစ်ဆေးဝါး အများအပြားကို နိုင်ငံတကာဈေးကွက်ကို တင်ပို့ဖို့ စီစဉ်နေတဲ့ တရားခံ ၁၆ ဦး လွတ်မြောက်နေ

0
300

မူးယစ်ဆေးဝါး အများအပြားကို အက်ဒမန် ပင်လယ်ပြင်က တစ်ဆင့် နိုင်ငံတကာ ဈေးကွက်ကို တင်ပို့ဖို့ စီစဉ်နေတဲ့ တရုတ်နိုင်ငံသားနဲ့ နိုင်ငံခြားသား တွေအပါဝင် တရာခံ ၁၆ ဦး လွတ်မြောက်နေ တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီမူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကို ငွေကျပ် သန်းပေါင်း လေးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ နိုင်ငံသား တစ်ဦးနဲ့ နိုင်ငံခြားသားတွေ အပါဝင် မြန်မာနိုင်ငံသား လေးဦး စုစုပေါင်း ၉ ဦးကို ကနဦးအနေနဲ့ ဖမ်းဆီးရမိထားတယ်လို့လည်း အစိုးရအဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အဲ့ဒီ ထွက်ပြေးလွတ်မြောက် နေသူတွေထဲမှာတော့ တရုတ်နိုင်ငံသား တစ်ဦး၊ တရုတ် (တိုင်ပေ) နိုင်ငံသားလေးဦး၊ ထိုင်းနိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသား ၁ဝ ဦးတို့ ပါဝင်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)