NV Card ကိုင္ေဆာင္သူေတြ အခြင့္အေရး အျပည့္ရေရး ညိႇႏိႈင္းေဆြးေႏြး

0
2148

ႏိုင္ငံသားစိစစ္ခံရမည့္သူ၏ သက္ေသခံကတ္ျပား (NVC) ကိုင္ေဆာင္သူေတြ ရရွိသင့္တဲ့ အက်ိဳးေက်းဇူးေတြ ရရွိႏိုင္ေရး ေဆာင္ရြက္ေပးဖို႔ ညွိႏိႈင္းအစည္းအေဝးကို ဇန္နဝါရီ ၂၂ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပပါတယ္။

NV Card ကိုင္ေဆာင္သူေတြ ရရွိႏိုင္တဲ့ အက်ိဳး ၈ ခုရွိၿပီး အဲဒီ အက်ိဳးေတြ အမွန္တကယ္ ရရွိေရး ေဆာင္ရြက္ေပးရမယ္လို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ေျပာပါတယ္။

NV Card ကိုင္ထားတဲ့ ေက်ာင္းသား ေက်ာင္းသူေတြ တကၠသိုလ္ တက္ႏိုင္ေရး၊ က်န္းမာေရးအတြက္ ၿမိဳ႕နယ္နဲ႔ စစ္ေတြေဆး႐ံုႀကီးတို႔မွာ အခ်ိန္မေရြး တက္ေရာက္ႏိုင္ေရး၊ ခြင့္ျပဳခ်က္နဲ႔ ခရီးသြားလာေရး ေဆာင္ရြက္ရာမွာ အဆင့္ေတြ ေလွ်ာ့ခ်ေရးေတြကို ေဆြးေႏြးပါတယ္။
……………………. ။ ။ …………………..

NV Card ကိုင်ဆောင်သူတွေ အခွင့်အရေး အပြည့် ရရေး ညှိနှိုင်းဆွေးနွေး

နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ကိုင်ဆောင်သူတွေ ရရှိသင့်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ရေး ဆောင်ရွက်ပေးဖို့ ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပပါတယ်။

NV Card ကိုင်ဆောင်သူတွေ ရရှိနိုင်တဲ့ အကျိုး ၈ ခုရှိပြီး အဲဒီ အကျိုးတွေ အမှန်တကယ် ရရှိရေး ဆောင်ရွက်ပေးရမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

NV Card ကိုင်ထားတဲ့ ကျောင်းသား ကျောင်းသူတွေ တက္ကသိုလ် တက်နိုင်ရေး၊ ကျန်းမာရေးအတွက် မြို့နယ်နဲ့ စစ်တွေဆေးရုံကြီးတို့မှာ အချိန်မရွေး တက်ရောက်နိုင်ရေး၊ ခွင့်ပြုချက်နဲ့ ခရီးသွားလာရေး ဆောင်ရွက်ရာမှာ အဆင့်တွေ လျှော့ချရေးတွေကို ဆွေးနွေးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)