စာရင္းေပးပို႔ထားတဲ့ အၾကမ္းဖက္သမားေတြကို ဘဂၤလားေဒ့ရွ္ လႊဲေျပာင္းမႈ မရွိေသး

0
2245

ျမန္မာႏိုင္ငံဘက္က ေပးပို႔ထားတဲ့ အၾကမ္းဖက္သမား စာရင္းနဲ႔ ပတ္သက္လို႔ ဘဂၤလားေဒ့ရွ္ဘက္က လႊဲေျပာင္းေပးတာ မရွိေသးဘူးလို႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီး ဦးေက်ာ္တင္က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္က မူအားျဖင့္ အၾကမ္းဖက္ဝါဒကို အားမေပးဘူးလို႔ ေျပာထားေၾကာင္း၊ အၾကမ္းဖက္သမား စာရင္းနဲ႔ ပတ္သက္လို႔ ဘဂၤလားေဒ့ရွ္ဘက္က အေၾကာင္းျပန္ၾကားခ်က္ တစ္စံုတစ္ရာ မရရွိေသးေၾကာင္း မေန႔က ဇန္နဝါရီ ၂၃ ရက္ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဝန္ႀကီး ဦးေက်ာ္တင္က ေျပာၾကားသြားပါတယ္။

အၾကမ္းဖက္သမားေတြကို ျမန္မာ၊ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံပူးေပါင္းၿပီး ဖမ္းေပးဖို႔ ျပည္ထဲေရး ဝန္ႀကီးဌာနခ်င္းလည္း ညွိႏိႈင္း သေဘာတူထားပါတယ္။ မႏွစ္က ေအာက္တိုဘာ ၉ ရက္ေန႔တုန္းကသာ ဘဂၤလားေဒ့ရွ္ဘက္က ႏွစ္ေယာက္ လႊဲေျပာင္းေပးခဲ့ဖူးပါတယ္။
………………….. ။ ။ …………………..

စာရင်းပေးပို့ထားတဲ့ အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ် လွှဲပြောင်းမှု မရှိသေး

မြန်မာနိုင်ငံဘက်က ပေးပို့ထားတဲ့ အကြမ်းဖက်သမား စာရင်းနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က လွှဲပြောင်းပေးတာ မရှိသေးဘူးလို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က မူအားဖြင့် အကြမ်းဖက်ဝါဒကို အားမပေးဘူးလို့ ပြောထားကြောင်း၊ အကြမ်းဖက်သမား စာရင်းနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က အကြောင်းပြန်ကြားချက် တစ်စုံတစ်ရာ မရရှိသေးကြောင်း မနေ့က ဇန်နဝါရီ ၂၃ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဦးကျော်တင်က ပြောကြားသွားပါတယ်။

အကြမ်းဖက်သမားတွေကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းပြီး ဖမ်းပေးဖို့ ပြည်ထဲရေး ဝန်ကြီးဌာနချင်းလည်း ညှိနှိုင်း သဘောတူထားပါတယ်။ မနှစ်က အောက်တိုဘာ ၉ ရက်နေ့တုန်းကသာ ဘင်္ဂလားဒေ့ရှ်ဘက်က နှစ်ယောက် လွှဲပြောင်းပေးခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)