ဘားအံမွာ မူးယစ္ေဆး ေရာင္းတဲ့အိမ္ကို စီးနင္း၊ ပစ္ခတ္မႈျဖစ္ၿပီး ရဲ ႏွစ္ဦး ဒဏ္ရာရ

0
880

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ ေနာင္ကၿမိဳင္ေက်းရြာရွိ ေနအိမ္တစ္အိမ္မွာ မူးယစ္ေဆးဝါး ေရာင္းခ်ေနေၾကာင္း သတင္းအရ မေန႔က ဇန္နဝါရီ ၂၃ မွာ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႔တို႔က သြားေရာက္ဖမ္းဆီးရာမွာ ပစ္ခတ္မႈ ျဖစ္ပြားၿပီး ရဲ ႏွစ္ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

ေစာခ်စ္ခ်ံဳ (၅၈ ႏွစ္) အိမ္မွာ မူးယစ္ေဆးသတင္းအရ ဖမ္းဆီးရာမွာ လက္နက္ငယ္နဲ႔ ၇ ခ်က္ ခုခံ ပစ္ခတ္တဲ့အတြက္ လံုၿခံဳေရးတပ္ဖြဲ႔ေတြကလည္း ျပန္လည္ ပစ္ခတ္ခဲ့ပါတယ္။ ပစ္ခတ္မႈေၾကာင့္ ရဲအုပ္ သက္စိုးဦးနဲ႔ ဒုရဲအုပ္ ပုလဲျမတို႔မွာ ဒဏ္ရာ ရရွိခဲ့တာ ျဖစ္ပါတယ္။

ခုခံပစ္ခတ္တဲ့ ေစာခ်စ္ခ်ံဳ၊ ေစာလြီညြန္႔ (ခ) နဂါး၊ စိုးမင္းေအာင္တို႔လည္း ဒဏ္ရာရရွိခဲ့ၿပီး က်ား ၄ ဦး၊ မ ၃ ဦးတို႔ကိုလည္း ဖမ္းဆီးရမိခဲ့ပါတယ္။ ဒါ့အျပင္ စိတ္ၾကြေဆး ၆၁၀၀ ျပား၊ M-16 ေသနတ္ ၃ လက္၊ ဗံုးပစ္ေလာင္ခ်ာ ၁ လက္၊ ေျပာင္ရွည္ေသနတ္ ၁ လက္၊ KNU/KNLA တံဆိပ္ပါ စစ္အသံုးအေဆာင္ ပစၥည္းေတြသိမ္းဆည္း ရမိပါတယ္။
………………… ။ ။ ……………………

ဘားအံမှာ မူးယစ်ဆေး ရောင်းတဲ့အိမ်ကို စီးနင်း၊ ပစ်ခတ်မှုဖြစ်ပြီး ရဲ နှစ်ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာရှိ နေအိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ မနေ့က ဇန်နဝါရီ ၂၃ မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က သွားရောက်ဖမ်းဆီးရာမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲ နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စောချစ်ချုံ (၅၈ နှစ်) အိမ်မှာ မူးယစ်ဆေးသတင်းအရ ဖမ်းဆီးရာမှာ လက်နက်ငယ်နဲ့ ၇ ချက် ခုခံ ပစ်ခတ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေကလည်း ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ရဲအုပ် သက်စိုးဦးနဲ့ ဒုရဲအုပ် ပုလဲမြတို့မှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ခုခံပစ်ခတ်တဲ့ စောချစ်ချုံ၊ စောလွီညွန့် (ခ) နဂါး၊ စိုးမင်းအောင်တို့လည်း ဒဏ်ရာရရှိခဲ့ပြီး ကျား ၄ ဦး၊ မ ၃ ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် စိတ်ကြွဆေး ၆၁၀ဝ ပြား၊ M-16 သေနတ် ၃ လက်၊ ဗုံးပစ်လောင်ချာ ၁ လက်၊ ပြောင်ရှည်သေနတ် ၁ လက်၊ KNU/KNLA တံဆိပ်ပါ စစ်အသုံးအဆောင် ပစ္စည်းတွေသိမ်းဆည်း ရမိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)